၇၇၉။ ညစာစားပွဲ (၆)

204 29 0
                                    

၇၇၉။ ညစာစားပွဲ (၆)

လေ့ချန်က လေညင်းကျောင်းတော်အပေါ်မှာ သိသာစွာ အရေးပေးခြင်းမျှကိုသာ ပြသခဲ့လျှင်, ဒါက ကိစ္စကြီး မဟုတ်ပေ။ သို့သော် လေ့ချန်က အရင်ဆုံး နဂါးသတ်ကျောင်းတော်သို့ သူ့အစောင့်များကို စေလွှတ်ပြီး သတင်းပို့ခဲ့သည်။ သို့ပါလျက် လေညင်းကျောင်းတော်က ဖြတ်လု၍ သူ့ကို ဖိတ်ခေါ်ခဲ့သည်။ နဂါးသတ်ကျောင်းတော်က လေ့ချန်၏ အရေးပေးမှုကို ဒီလောက်ကြီး အလေးအနက် မထားပေ။ သို့သော်ငြား သူတို့ အတွက် ပြင်ဆင်ထားတာကို ဖြတ်ခုတ်သွားတာက သူတို့အား လူသိထင်ရှား ဖြတ်ရိုက်ခြင်းပင် မဟုတ်လော။

လေ့ချန်က မည်သူနှင့် ဖြစ်ဖြစ် တရင်းတနှီး နေပါစေ, သူတို့ စိတ်မရှိပေ။ သို့သော် တခြားသူများ အရှက်ခွဲလာလျှင်တော့ သူတို့က အလျော်အစား ကျိန်းသေ ပြန်တောင်းရလိမ့်မည်။

လိပ်ပြာတိုက်ပွဲ မတိုင်ခင် တိုက်ခိုက်ခြင်းမှန်သမျှကို တားမြစ်ထားသည်။ ထို့ကြောင့် သူတို့က ညစာစားပွဲအတွင်းမှာ လေညင်းကျောင်းတော်နှင့် ရန်မဖြစ်နိုင်ကြချေ။ သို့သော် ဒီကောင်လေးက တစ်ယောက်တည်း ဒီနေရာကို ထွက်လာပြီး လူသူမရှိ‌သော ဒီနေရာကို လာရောက်သဖြင့် သူ့ကိုယ်သူသာ အပြစ်တင်ရလိမ့်မည်။ သူတို့ကတော့ ရလာသည့် အခွင့်အရေးကို ငြင်းဆန်နိုင်မည် မဟုတ်ပေ။

နဂါးသတ်ကျောင်းတော်မှ တပည့်များက ဂျန်ဝုရှီကို ဝိုင်းရံလိုက်ကြသည်။ သူတို့က ရက်စက်လိုဟန်ဖြင့် ပြုံးနေကြသည်။

ဟေး, ကောင်‌လေး၊ အမှောင်အောက်မှာ တစ်ယောက်တည်း သွားလာနေတာက ဉာဏ်ရှိတဲ့ လုပ်ရပ် မဟုတ်ဘူးနော် လူငယ်တစ်ယောက်က လက်ဆစ်များကို ချိုးလျက် ပြောသည်။

ဂျန်ဝုရှီက သူမအား ဝိုင်းနေသော လူငယ်များကို အေးစက်စက် ကြည့်လိုက်သည်။ သူမမျက်နှာက ကြောက်ရွံ့သော အမူအရာ လုံးဝ မရှိပေ။

လေ့ယွမ်က ဖုတ်လိုက်ဖုတ်လိုက်ဖြင့် ဥယျာဉ်အစွန်အဖျားမှ ပြေးလာသည်။ ဂျန်ဝုရှီ အဝိုင်းခံနေရတာကို တွေ့မြင်ရချိန်မှာ သူ နေရာမှာတင် ရပ်လိုက်သည်။ ပွဲစတော့မှာကို မျှော်လင့်စောင့်စားလျက် သူ့မျက်နှာက တပြုံးပြုံး ဖြစ်လာသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now