၈၁၆။ မောင်းမဆောင်အတွင်း လျှို့ဝှက်ရှုပ်ထွေးမှု (၂)

173 34 0
                                    

၈၁၆။ မောင်းမဆောင်အတွင်း လျှို့ဝှက်ရှုပ်ထွေးမှု (၂)

ဘုရင်ကြီးက လေ့ဖန်ကို သူ့သားအရင်းဟူ၍ မှတ်ထင်ထားသည်။ လေ့ချန်ကို အိမ့်ရှေ့စံရာထူးပေးမိထားသဖြင့် တစ်ချိန်လုံး မကျေမနပ် ဖြစ်ခဲ့ရသည်။ သူ အချစ်ဆုံး ကလေးအား အိမ်ရှေ့စံ ရာထူးကို သူ ပေးချင်နေခဲ့သည်။ ဒါက မိဖုရားကြီး အမြင်ချင်ဆုံး ကိစ္စဖြစ်သည်။

မိဖုရားကြီးက လေ့ချန်ကို စည်းကမ်းချိုးဖောက်သော နန်းတော်အစေခံနှင့် အစောင့်ကြားမှ ချစ်ကြိုက်သဖြင့် ရရှိထားသော တရားမဝင် ကလေးဟူ၍သာ ရှုမြင်ထားသည်။ လေ့ဖန်သည်သာ သူမနှင့် သူမ၏ ချစ်သူနှင့် ရရှိထားသော ဘုရင်ကြီး၏ အချစ်တော် ကလေးဟူ၍ သတ်မှတ်ထားသည်။ မိဖုရားကြီး၏ ဘုရင်ကြီးကို မုန်းတီးခြင်းက နှစ်ကာလရှည်ကြာလာသည်နှင့် အမျှ ကြီးမားသထက် ကြီးမားလာသည်။ ဘုရင်ကြီးက သူမကို မချစ်ခင်သဖြင့် သူမ နာကျင်ခံစားခဲ့ရသည် မဟုတ်လော။ မိဖုရားကြီးက ဘုရင်ကြီးကို သူ၏ လုပ်ဆောင်ချက်၏ အကျိုးဆက်ကို နာကျင်ခံစားစေချင်သည်။

ထိုလူနှစ်ယောက်၏ အကြားမှ လျှို့ဝှက်သိုသိပ်စွာ အကောက်ကြံ စီမံနေကြခြင်း၏ အလယ်မှာ လေ့ချန်က သူတို့၏ လျှို့ဝှက်အကြံအစည်များ၏ သားကောင်တစ်ကောင်သာ ဖြစ်လာခဲ့ရသည်။

လေ့ဖန်က တဖြည်းဖြည်း ကြီးပြင်းလာသည်နှင့် မိဖုရားကြီး၏ အသံမထွက်သော သဘောတူညီချက်အရ ဘုရင်ကြီးက လေ့ချန်ကို မလိုလားစွာ လှုပ်ခါချပစ်ဖို့ စတင်ကြိုးပမ်းလာတော့သည်။ လေ့ချန်၏ လက်ထဲသို့ ဒီနှစ်အတွက် လိပ်ပြာတိုက်ပွဲတစ်ခုလုံးကို စီမံကျင်းပခွင့် ထည့်ပေးထားခြင်းက ဘုရင်ကြီး၏ လေ့ချန်ကို သူ့ရာထူးမှ ဖယ်ရှားပစ်ဖို့ ပထမဆုံး ခြေလှမ်းပင် ဖြစ်သည်။

ဒီနှစ်လိပ်ပြာတိုက်ပွဲတွင် လေ့ချန်က အမှားအယွင်းတစ်ခုခုကိုသာ လုပ်မိခဲ့လျှင်, ၎င်းအချက်ကို အကြောင်းပြချက် ကောင်းကောင်းလုပ်ပြီး လေ့ဖန် အရွယ်ရောက်လာသည်နှင့် လေ့ချန်ကို အိမ်ရှေ့စံ ရာထူးမှ ဖယ်ရှားပစ်မည်မှာ အသေအချာပင်။

ဒီစာကို ငါ့အမေအရင်းက သူမသေခင် ချန်ထားရစ်ခဲ့တာ၊ အဲတုန်းက မိဖုရားကြီးက သူမကို ပြုစုလုပ်ကျွေးဖို့ သူမကို ချန်ထားရစ်ခဲ့တာ၊ ဒါပေမဲ့ ငါ သတိမပြုမိခဲ့မိဘူး၊ မိဖုရားကြီးနန်းဆောင်ကို ငါ သွားခဲ့တဲ့ အရေအတွက် မနည်းခဲ့ဘူး၊ သူမကို တစ်ကြိမ်တခါလေးတောင် မတွေ့ခဲ့ရဘူး၊ လူသတ်သမားကိုသာ ငါ့မိခင်ရယ်လို့ အသိအမှတ်ပြုထားတာ ငါ မသိခဲ့ရဘူး။ လေ့ချန်၏ လေသံက အနည်းငယ် တုန်ရီသွားသည်။ သူက ခေါင်းယမ်းလျက် သူ့ကိုယ်သူ ခါးခါးသီးသီး ရယ်လိုက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now