၇၈၀။ ညစာစားပွဲ (၇)

220 32 0
                                    

၇၈၀။ ညစာစားပွဲ (၇)

လေ့ယွမ်က မာဆတ်ဆတ် ပြန်ပြောသည် ကြောက်ရမှာလား၊ ခမည်းတော်ရဲ့ ကျန်းမာရေးက တစ်နေ့တခြား ပိုပို ဆိုးလာပြီ၊ တတိယညီတော်က လုံးဝ သုံးစားမရဘူး၊ စတုတ္ထညီတော်က ငါ့အကိုတော်နဲ့ ပလဲနံပသင့်တယ်၊ ခမည်းတော် ရှိနေတုန်း ငါ မလှုပ်ရှားရင်, နောက်နောင် ငါ့အတွက် အခွင့်အရေးဆိုတာ နည်းနည်းလေးတောင် ရှိမှာ မဟုတ်ဘူး။

ဒီနှစ်မှာ လိပ်ပြာတိုက်ပွဲကို လေ့ချန်အား အစစအရာရာ တာဝန်ယူစံမံခိုင်းခြင်း၏ အကြောင်းပြချက် နှစ်ခု ရှိသည်။ ပထမအကြောင်းက ဘုရင်ကြီးက လေ့ချန်အား လေ့ကျင့်သင်ကြားပေးလိုခြင်း ဖြစ်သည်။ ဒုတိယအကြောင်းပြချက်က ဘုရင်ကြီး၏ ကျန်းမာရေးအခြေအနေက တစ်ရက်ထက် တစ်ရက် ပိုမို ပျက်ယွင်းလာခြင်း ဖြစ်သည်။ နန်းတော်အတွင်းရှိ သမားတော်များက အုံလိုက်ကျင်းလိုက် ကုသပေးနေရသည်။ ရန်တိုင်းပြည်က အပေါ်ယံမှာ တည်ငြိမ်အေးချမ်းနေသည်။ သို့သော် အတွင်းပိုင်းမှာ ပြဿနာများက စတင်လာနေသည်။

အဲဒါကို ငါ သတိမပြုမိဘူးလို့ မထင်နဲ့၊ အကိုတော်က စစ်တံခွန်ကျောင်းတော်က ချူလင်းယွဲ့ဆိုတဲ့ ကောင်မလေးကို မျက်စိကျနေတာ ငါ သိတယ်၊ အဲကောင်မလေးက ထောင်ချီသားရဲမြို့တော် မျိုးနွယ်စုအကြီးအကဲရဲ့ သမီးပဲ၊ အကိုတော်က ထောင်ချီသားရဲမြို့တော်ကို သိမ်းသွင်းနိုင်ဖို့ မျိုးနွယ်အစုအကြီးအကဲရဲ့ သမီးကို လက်ထပ်ချင်နေတာ၊ အဲဒါကို ငါ သတိမပြုမိဘူးလို့ ထင်နေသလား၊ အကိုတော်က မိတ်ဆွေဆန်တယ်, ခင်မင်ဖော်ရွေတဲ့ ပင်ကိုယ်ဗီဇရှိတယ်လို့ လူတိုင်းပြောနေကြတယ်၊ အဲဒါတွေ အကုန်လုံးက အတုအယောင်တွေချည်းပဲ။

လေ့ယွမ်က လေ့ချန်ကို သူ့နှလုံးသားအတွင်းထဲမှ စ၍ အပြင်ဘက်အဆုံးအထိ မနှစ်သက်ပေ။ လေ့ချန်က နန်းပလ္လင်ကို ဆက်ခံဖို့ အလွန်အမင်း သင့်တော်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် လေ့ယွမ်က လေ့ချန်နှင့် အတူတူ ကြီးပြင်းလာခဲ့သဖြင့် လေ့ချန်အကြောင်းကို အူမချီးခါးပါ မကျန် သိထားသူ ဖြစ်သည်။ လေ့ချန် နန်းပလ္လင်ကို ဆက်ခံသွားချိန်မှာ လေ့ယွမ်က သူ့ကိုယ်သူ ကာကွယ်ဖို့ အင်အားကို ကိုင်စွဲ မထားနိုင်လျှင်, သူ့အတွက် တစ်ခုတည်းသော ဖြစ်နိုင်ချေက, သေခြင်းပင်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now