၆၂၁။ ကိုယ်ပိုင် အစောင့်-၃

372 37 0
                                    

၆၂၁။ ကိုယ်ပိုင် အစောင့်-၃

ဖန်ဂျင်က ဂျန်ဝုရှီကို မသိမသာ ကြည့်လိုက်သည်။ သို့သော် ဂျန်ဝုရှီ၏ မျက်နှာတွင် ပုံမှန်မဟုတ်သော မည်သည့်အရာကိုမျှ မတွေ့ရပေ။ လေညင်းကျောင်းတော်တွင် ရူလင်းစစ်တပ်က အုတ်အော်သောင်းနင်း မွှေနှောက်သွားချိန်ကို ပြန်စဉ်းစားလိုက်လျှင်, သူ လျင်မြန်စွာ မှားမှားယွင်းယွင်း သုံးသပ်မိသွားသည်။ ဂျန်ဝုရှီ၏ လုံခြုံစိတ်ချရေးအတွက် သူမတစ်ယောက်တည်း အပြင်ဘက်မှာ ရှိနေသဖြင့် စိုးရိမ်ပူပန်ပြီး တစ်ယောက်ယောက်ကို စီမံပေးလိုက်တာဟူ၍ ဖြစ်သည်။

ချီတိုင်းပြည်၏ ဂျန်မိသားစုက တကယ်ပင် တစ်ခုခု ဖြစ်သည်။ သာမန် အစောင့်သည်ပင် ရုပ်ရည်သွင်ပြင်က အဆင့်မြင့်လွန်းသည်။

အဟမ်း... အခု မင်း ဒီမှာ ရှိနေတော့ အရမ်းကောင်းသွားတာပေါ့၊ ဒီနေရာမှာ ဖန်ဇိုနဲ့ ရှီလေး နှစ်ယောက်တည်းသာ နေကြတာ၊ သူတို့နှစ်ယောက်လုံးက အတော်ငယ်ကြသေးတယ်၊ မင်း ဒီမှာ ရှိနေပြီဆိုတော့, မင်း သူတို့နှစ်ယောက်ကို ဂရုစိုက်ပေးလို့ ရတာပေါ့ ဖန်ဂျင်က ခင်မင်ဖော်ရွေစွာ ပြောသည်။ သူက ဂျန်ဝုယောင်းကို တကယ်ပင် ဂျန်ဝုရှီ၏ အစောင့်လို ဆက်ဆံလေ၏။

ဖန်ဇိုက သူ့အကိုကြီးကို လှမ်းကြည်လိုက်ပြီး သက်ပြင်း လေးလေးကြီး ချလိုက်မိသည်။

(အဲလူငယ်က အကိုကြီးကို အစောင့်လို့ ပြောတော့ ပြောတာပေါ့၊ ဒါပေမဲ့ အကိုကြီး သတိမပြုမိဘူးလား၊ ဟန်ပန်နဲ့ အမူအရာက ဘယ်လိုပင် ဖြစ်နေပါစေ, သူ့ဆီကနေ စိမ့်ထွက်လာတဲ့ ခံ့ညားထည်ဝါတဲ့ အော်ရာက သာမန်အစောင့်နဲ့ နှိုင်းယှဉ်လို့ မရဘူးဆိုတာကို သတိမပြုမိဘူးလားကွာ၊ ဒီလို အထက်တန်းစားလူက အစောင့်သာဆိုရင်, ဂျန်မိသားစုရဲ့ နောက်ခံက တကယ် အံ့စရာ ဖြစ်နေပြီပေါ့၊ တိုင်းပြည်နဲ့ အင်အားစုတွေကိုတောင် သစ္စာစောင့်သိစရာ မလိုတော့ဘူးပေါ့၊ ဒီလို လူက အဲလို အစောင့်မျိုး ဖြစ်နိုင်ပါ့မလားကွာ။)

ငါ သေချာ ဂရုစိုက်မှာပါ ဂျန်ဝုယောင်းက ဂျန်ဝုရှီကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက ချစ်ခင်မြတ်နိုးခြင်းဖြင့် ပြည့်နှက်နေသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora