၃၀၁။ "ငွေရောင် အကာ - ၂"

751 65 0
                                    

၃၀၁။ “ငွေရောင် အကာ - ၂”

ဂျန်ဝုရှီက အလှဆင်သစ်သားပုတီးစေ့ကို များများစားစား မစဉ်းစားခဲ့ပေ။ ၎င်းပုတီးစေ့က လက်စွပ်ဝိညာဉ်၏ အသုံးအဆောင်ဖြစ်ပြီး သူမအတွက် အသုံးမဝင်လို့ ဖြစ်သည်။

သို့သော် ကနေ့ညမှာတော့ ပုတီးစေ့က ထူးထူးခြားခြား တုံ့ပြန်လာသည်။ ပုံမှန်အားဖြင့် အေးစက်စက် ပုတီးစေ့က အနွေးလှိုင်း ဖြတ်သန်းစီးဆင်းလာသည်။ ဂျန်ဝုရှီက ပုတီးစေ့ကို လက်ဖဝါးပေါ်တင်ပြီး မီးတုတ်ရောင်နှင့် လရောင်အောက်တွင် စေ့ငုစွာ ကြည့်သည်။ မြူပါးပါးလေးက ပုတီးစေ့မှ ပေါ်ထွက်လာသည်။ ပါးလွန်းလို့ အတော်အားစိုက်ကြည့်မှ မြင်ရသည်။ မြူပါးပါးလေးက ဂျန်ဝုရှီရှေ့တွင် ဆေးဖက်ဝင်အခင်းသို့ ပျံ့နှံ့သွားသည်။ ဆေးဖက်ဝင်အပင်များကို တထစ်ချင်း လွှမ်းမိုးသွားသည်။

ရုတ်တရက် ဂျန်ဝုရှီ၏ မျက်လုံးများက လင်းလက်လာသည်။ သူမခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်စွမ်းအားများက သိသာထင်ရှားစွာ တိုးဝင်လာတာကို သူမက ခံစားမိသည်။

ဆီးနှင်းကြာပန်းကို သူမ စိုက်ပျိုးခဲ့ချိန်က ဝိညာဉ်စွမ်းအင်ကို ရေကန်တစ်ခုပမာ တင်စားလျှင်, သာမန်ဆေးဖက်ဝင်အပင်များမှ ဝိညာဉ်စွမ်းအင်ကို ယောက်ချိုဇွန်းတစ်ခုပမာ တင်စားရမည် ဖြစ်ပြီး, တန်ဖိုးကြီး ရှားပါးဆေးပင်များမှ ဝိညာဉ်စွမ်းအင်ကိုတော့ ရေဆွဲပုံး တစ်ခုပမာ တင်စားနိုင်သည်။ သို့သော် အခု စီးဝင်လာသည့် ဝိညာဉ်စွမ်းအားကိုတော့ လေပြင်းစီးကြောင်းလို တင်စားရမည် ဖြစ်သည်။

သည်ဝိညာဉ်စွမ်းအင်က ရေကန်တစ်ခုလို တင်စားလို့ မရသော်လည်း ယောက်ချိုဇွန်း, သို့မဟုတ် ရေဆွဲပုံးတစ်ခုစာလောက်သာ ရှိသည့် ဝိညာဉ်စွမ်းအင်ထက်တော့ အဆပေါင်းများစွာ ပိုကောင်းနေသည်။

သည်ရှာဖွေတွေ့ရှိချက်က ဂျန်ဝုရှီကို အံ့အားသင့်စေပြီး သူမက ချက်ချင်းပင် ကြာပန်းလေးကို ဆင့်ခေါ်လိုက်သည်။

ပါရမီရှင်သမားတော်(၂)Tahanan ng mga kuwento. Tumuklas ngayon