၄၀၆။ "မျှော်လင့်မထားသည့် ရှုပ်ထွေးမှု - ၁"

463 47 0
                                    

၄၀၆။ မျှော်လင့်မထားသည့် ရှုပ်ထွေးမှု - ၁

ယင်ယန်က မသက်မသာ ခံစားနေရပြီး ဌာနအဆောက်အဦအတွင်းမှာ ဟိုလျှောက် ဒီလျှောက် လုပ်နေသည်။ ၎င်းမသက်မသာခံစားချက်က ဂူလီရှန်ရုံးခန်းတွင်းသို့ ဂျန်ဝုရှီ ဝင်ရောက်သွားကတည်းက ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အမွှေးတိုင်တစ်ဝက်စာ ထွန်းချိန်ကုန်သွားသည့်တိုင် ထိုနှစ်ယောက်က ပေါ်မလာသေးသဖြင့် ယင်ယန်၏ စိုးရိမ်ပူပန်မှုက ပြင်းထန်လို့လာသည်။

ဂူလီရှန်က ဂျန်ဝုရှီကို ကျောင်းဝင်ခွင့်မရသေးခင်မှာပင် တင်ကြိုရွေးချယ် ထားခြင်းနှင့် သည်နှစ်အတွက် တပည့်တစ်ယောက်ကိုသာ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ခြင်းက ယင်ယန်အား အလွန် ထိတ်လန့်စေသည့် အမှန်တရားဖြစ်သည်။

ယင်ယန်က စိုးရိမ်ပူပန်စွာ ဟိုလျှေက်ဒီလျှောက် လုပ်နေစဉ်, ရုတ်တရက် ရုံးခန်းတံခါးက ပွင့်လာသဖြင့် သူက အလျင်အမြန် ထောင့်ပြေးကပ်ကာ ပုန်းနေလိုက်သည်။

ရုံးခန်းတံခါးကို တွန်းဖွင့်၍ တံခါးကို ပြန်ပိတ်လိုက်သူက ဂူလီရှန်တစ်ဦးတည်းသာ ဖြစ်သည်ကို သူ တွေ့ရသည်။

ယင်ယန် မျက်မှောင်ကြုတ်သွားလေ၏။ သူ့ရုံးခန်းမှ ဂူလီရှန် ထွက်သွားပုံကို လေ့လာမိသလောက် အခြေအနေက သူ ထင်ထားသလောက် ဆိုးရွားပုံ မပုံပေ။

ဂူလီရှန်က ဝိညာဉ်ကုစားဌာနမှ တပည့်များဖြစ်စေ, တခြားဌာနများမှ တပည့်များဖြစ်စေ, လူတိုင်းအား အမြဲတမ်း ဖော်ဖော်ရွေရွေ ဆက်ဆံတတ်သူ ဖြစ်သည်။ သူက အမြဲတမ်း သ‌ဘောထားကောင်းပြီး တည်ကြည်ဖြောင့်မတ်သူ ဖြစ်သည်။ သူ၏ အေးဆေးတည်ငြိမ်မှုကို တစ်ခါမျှ မဆုံးရှုံးစေခဲ့ဖူးပေ။ သို့သော် ကနေ့တော့ မတူခြားနားနေသည်။ သူက ရုံးခန်းမှ ထွက်လာသည်နှင့် အလျင်လိုဟန်ဖြင့် ပျာယီးပျာယာ ထွက်ခွာသွားလေ၏။

ဂျန်ရှီဆိုတဲ့ အဲကောင်လေးက ဆရာ့ကို ပျာယာခတ်အောင် လုပ်လိုက်တာလား ယင်ယန်က သူ့ဘာသာ ခပ်တိုးတိုး ပြောသည်။

အတော်ကြာတော့မှ ယင်ယန်က အဖြေရှာတွေ့သွားသည်။

ဂူလီရှန်က နှစ်နာရီနီးပါးကြာမှ ပြန်ရောက်လာသည်။ သူ့ရုံးခန်းထဲသို့ တိုက်ရိုက် သူ ဝင်သွားပြီးနောက်, ခဏအကြာမှာတော့ ဂျန်ရှီ ထွက်လာတာကို တွေ့ရသည်။ အချက်အလက်တစ်ခုကို သူ ကောင်းကောင်း သတိပြုမိလိုက်သည်။ ဂျန်ရှီ ထွက်လာတော့ သူ တပ်ဆင်ထားသည့် ဝိညာဉ်ကုစားဌာနကျောက်စိမ်းတံဆိပ်က ပြန်ပါမလာချေ။ ၎င်းကျောက်စိမ်းတံဆိပ်က ဝိညာဉ်ကုစားဌာန၏ သက်သေခံ ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now