၃၈၆။ "စာရင်းသွင်းခြင်း - ၂"

453 35 0
                                    

၃၈၆။ စာရင်းသွင်းခြင်း - ၂

ဂျန်ဝုရှီက မျက်လုံးမှိတ်၍ သူမ၏ ဝိညာဉ်စွမ်းအားများကို သလင်းကျောက်ထဲ တွန်းပို့သည်။

ထိုစဉ် သိပ်သည်းသော လိမ္မော်ရောင်အလင်းက လင်းလက်လာသည်။ ၎င်းအလင်းရောင်က ကျောင်းတော်ဂိတ်သို့ စာရင်းသွင်းရန် ရောက်လာကြသည့် လူငယ်များအားလုံးကို ဆွဲဆောင်သွားသည်။

ကျောက်ချူနှင့် တခြားသုံးယောက်က စာရင်းသွင်းပြီး၍ ဂျန်ဝုရှီနှင့် တွေ့ဖို့ လာနေစဉ်, လင်းလက်ထွက်လာသည့် လိမ္မော်ရောင်အလင်းကို တွေ့မြင်ရလျှင် သူတို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ထိုလက်လက်ထနေသော အလင်းက လူတိုင်းကို ဆွဲဆောင်သွား၍ သူတို့အားလုံးက အံ့အားတသင့်ဖြင့် ဂျန်ရှီကို ကြည့်နေကြသည်။

လိမ္မော်ရောင်လား။

ဝိညာဉ်ကျောက်က လိမ္မော်ရောင် လင်းလက်သွားတာလား။

ထိုအရာက ထိုကောင်လေး၏ ဝိညာဉ်စွမ်းအားက လိမ္မော်ရောင်အဆင့်သို့ ရောက်ရှိနေပြီလို့ ဆိုလိုသည်မဟုတ်လော။

သည်နေရာရှိ လူတိုင်းတွင် အလွန်သေးသွယ်သည့် ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သော တစ်ယောက်တစ်လေကိုမျှ သူတို့ မတွေ့မြင်ကြရချေ။ သူ့ပုံပန်းသွင်ပြင်က အလွန်ငယ်ရွယ်နေတာကို ပြသနေသည်။ သူက အလွန် ပိန်သွယ်သွယ် ဖြစ်နေပြီး ပါးပါးလျလျလေးသာ ဖြစ်သည်။ သူက သည်နေရာရှိ လူတိုင်းတွင် အငယ်ဆုံးဆိုတာ သိသာနေသည်။ သူ၏ လက်စွပ်ဝိညာဉ်နိုးထပြီးသော အကြောင်းတရားသာ မရှိလျှင် သူ့ကို ၁၂နှစ် ၁၃နှစ်ဟူ၍သာ မှတ်ထင်မိမည် ဖြစ်သည်။

သို့သော် အငယ်ဆုံးလေး၏ လိမ္မော်ရောင်အဆင့်စွမ်းအားက သူတို့ မျက်နှာများကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားသည်။

သူ၏ အစစ်အမှန်အသက်ရွယ်က လူအုပ်ကြားမှာ တီးတိုးသံဖြင့် ဆူညံသွားစေသည်။

ဂျန်ဝုရှီရှိရာသို့ ပြန်လာသည့် ဖေးယန်က လိမ္မော်ရောင်အလင်းကို တွေ့မြင်ရလျှင် သူ့နဖူး သူပြန်ရိုက်မိသွားသည်။

သွားပါပြီ, ဒီတစ်ခါတော့ အကုန်လုံး သွားပါပြီ။

လေညင်းကျောင်းတော်၏ ကျောင်းဝင်ခွင့်စစ်ဆေးရာမှာ ပုံမှန်အားဖြင့် လက်စွပ်ဝိညာဉ်ကိုသာ စစ်ဆေးသည်။ လျှောက်ထားသူကိုယ်တိုင် သူ့ဝိညာဉ်စွမ်းအားအဆင့်ကို စမ်းသပ်စစ်ဆေးရန် တင်ပြမှသာ နောက်တစ်ဆင့်ကို ဆက်လက်စစ်ဆေးပေးရိုး ထုံးစံရှိသည်။ ၁၄နှစ်နှင့် ၁၆နှစ်ကြားမှာ ရှားရှားပါးပါး ဝိညာဉ်စွမ်းအား မြင့်မားလာသူများက သည်အောင်မြင်မှုကို ဖုံးကွယ်မထားကြချေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now