၅၆၃။ ကျိကျိတက် ချမ်းသာသူများအတွက် လေလံပွဲ - ၂

445 47 0
                                    

၅၆၃။ ကျိကျိတက် ချမ်းသာသူများအတွက် လေလံပွဲ - ၂

ဆေးလုံးတွေကို လူတွေ ဒီလောက်တောင် ကြိုက်ကြသလား ကျောက်ချူက သူ့ရှူးဖိနပ်များ ပြန်စီးရင်း, မျှော်လင့်ချက် အပြည့်ဖြစ်သော မျက်လုံးများဖြင့် မေးသည်။

မိုးကောင်းကင်အောက်မှာ, အဲသလို အရည်အသွေး ကောင်းလွန်းတဲ့ ဆေးတွေကို ဖော်စပ်နိုင်တဲ့ လူတွေဆိုတာ ကလန်အနည်းငယ်ကနေ လာတယ်လို့တောင် ခင်ဗျား ပြောလို့ ရတယ်၊ ချင်းယန်ကလန် ပျောက်ကွယ်သွားကတည်းက, ဈေးကွက်အတွင်းမှာ ဆေးလုံးထောက်ပံ့မှု အတော်ကြီး လျော့နည်းသွားတယ်၊ အရင်တုန်းက ချင်းယန်ကလန် လွှမ်းမိုးတာကို ခံခဲ့ရတဲ့ ဆေးဝါးကလန်တွေ ရှိခဲ့ကြတယ်၊ အခု သူတို့ ကံကောင်းသွားကြပြီ၊ သူတို့ကို ဖိနှိပ်မဲ့ လူတွေလည်း မရှိကြဘူးဆိုတော့ လူတွေက သူတို့ကို တန်ဖိုးထားလာကြတယ်၊ ရိုးရိုးဆေးဝါးခန်းမတွေနဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်တွေတောင် ဆေးလုံးတန်ဖိုးတွေ ဆတိုး တက်သွားကြတယ်။ ထိုဝန်ထမ်းက ကျောက်ချူအား မရပ်မနား ရှင်းပြသည်။

ချင်းယန်ကလန်က အကျင့်ပျက်ပြီး စက်ဆုပ်ဖွယ် မကောင်းမှုများကို ကျူးလွန်ကြသော်လည်း, သူတို့က လတိုင်း အရည်အသွေး မြင့်မားသော ဆေးဝါးများကို ထုတ်လုပ်ပေးခဲ့ကြသည်။ အကြီးအကဲ ဆယ့်နှစ်ယောက် ကိုယ်တိုင် ထုတ်လုပ်ပေးသော ဆေးဝါးများအပြင်, အတွင်းတပည့်များ ထုတ်လုပ်ပေးသော ဆေးဝါးများကလည်း အရေအတွက် အလွန်များပြားပြီး ကုန်းမြေတစ်ခွင်သို့ ပျံ့နှံ့ ရောက်ရှိကြသည်။

သူတို့ ထုတ်လုပ်သော ဆေးလုံးများ ဆေးဝါးများက ထိပ်တန်းအဆင့် မဟုတ်ကြသော်လည်း, သာမန် ဆေးဝါးခန်းမနှင့် ‌ဆေးဖက်ဝင်ပစ္စည်းအရောင်းဆိုင်များတွင် တင်ထားသော ဆေးဝါးများနှင့် နှိုင်းယှဉ်လိုက်လျှင်, သူတို့ဆေးဝါးများက အရည်အသွေး အတော် ကောင်းမွန်ကြသည်။ ထို့ပြင် ချင်းယန်ကလန်က ထိပ်တန်းကလန် ဖြစ်သဖြင့် တောင်းဆိုသလောက် သူတို့က ဆေးဝါးများကို ထောက်ပံ့ပေးနိုင်ကြသည်။

သို့အတွက် ချင်းယန်ကလန် ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် ဆေးဝါးလိုအပ်ချက်က ကြီးမားလာရသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now