၄၂၀။ "ဂူလီရှန် ဒေါသပုန်ထခြင်း - ၁"

472 49 0
                                    

၄၂၀။ ဂူလီရှန် ဒေါသပုန်ထခြင်း - ၁

ဝါးတောအုပ်လေးမှ ထွက်ခွာလာပြီးနောက် ဖန်ဂျင်က ဝိညာဉ်ကုစားဌာနသို့ အမြန်ဦးတည်လိုက်သည်။ ဖန်ဇိုနှင့် ဂျန်ဝုရှီရှေ့တွင် သူက သူ့ပုံစံအတိုင်း ပွင့်လင်းလွတ်လပ်စွာ နေပြခဲ့သည်။ သို့သော် ထမင်းစားခန်းတွင် ဖြစ်ပျက်ခဲ့သည်များက သူ့အား အလွန်အမင်း ခေါင်းရှုပ်စေသည်။

ဂျန်ရှီက မည်သို့ ဝိညာဉ်ကုစားဌာနကနေ နှင်ထုတ်ခံလိုက်ရသနည်း။

ဗရုတ်ဗရက်ဖြစ်စေသော လီဇီမုဆိုတာ မည်သူနည်း။

ဝိညာဉ်ကုစားဌာနပရိဝုဏ်အတွင်းဝယ် ဂူလီရှန်က သူ့တပည့်များ၏ လေ့ကျင့်မှုမှာ တိုးတက် မတိုးတက် စစ်ဆေးနေသည်။ ထိုစဉ် ရုံးခန်းတံခါးက တွန်းဖွင့်ခံလိုက်ရသည်။ သူက ခဏလောက် လန့်သွားပြီးနောက် တံခါးဝတွင် ဟောဟဲဖြစ်နေသော ဖန်ဂျင်ကို မြင်ရလျှင် သူ ပြုံးသွားသည်။

ကနေ့ ငါ့ကို တွေ့ဖို့ ဘယ်လို အရေးကိစ္စများ ရှိနေလို့လဲကွ။

ဖန်ဂျင်က ရုံးခန်းအတွင်းသို့ ဝင်ရောက်၍ တံခါးပိတ်လိုက်သည်။ သူက ချက်ချင်းပင် မေးသည် ဂျန်ရှီနဲ့ ပတ်သက်နေလို့၊ တကယ် ဘာဖြစ်ခဲ့တာလဲ၊ လီဇီမုက ဘယ်ကနေ ပေါ်လာတာလဲ၊ ဦးလေး ဂူ, ခင်ဗျား အမှားများ လုပ်မိသလား။

သူ ဒီကို လာနေစဉ် လမ်းမှာပင် ဖန်ဂျင်က သူ့စိတ်ထဲမှ လီဇီမုကို ဂျန်ဝုရှီနှင့် အကြိမ်ပေါင်းများစွာ နှိုင်းယှဉ်ခဲ့သည်။ မည်သို့ပင် နှိုင်းယှဉ်ကြည့်ကြည့်, ငကြောက် လီဇီမုက အတော်အတန် အဆင့်မြင့်သော လက်စွပ်ဝိညာဉ်ကြောင့်သာ မဟာဌာနသို့ တိုက်ရိုက်ဝင်ရောက်နိုင်ရုံက လွဲ၍ မွေးရာပါ အရည်အချင်းက ပြောစရာပင် မရှိချေ။ သို့ပါလျက် မည်သို့ လီဇီမုက ဂျန်ရှီကို ဝိညာဉ်ကုစားဌာနက ဖယ်ရှားပစ်နိုင်ပြီး သူ့နေရာကို ယူသွားနိုင်ရသနည်း။

ဂူလီရှန် အံ့အားသင့်သွားသည်။ သည်ကိစ္စကြောင့် ဖန်ဂျင် သူ့အား လာတွေ့တာကို သူ မျှော်လင့်မထားမိပေ။

ဒါ အမှားတစ်ခုလို့ ငါ မင်းကို ပြောထားမိလို့လား။ ဂူလီရှန်က မေးသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now