၅၁၉။ အမဲလိုက်ပွဲ ပြီးဆုံးခြင်း-၁

426 47 0
                                    

၅၁၉။ အမဲလိုက်ပွဲ ပြီးဆုံးခြင်း-၁

သိုးငယ်လေးက သူတို့နှင့် အတူရှိနေသဖြင့် ဂျန်ဝုရှီနှင့် သူမအဖွဲ့က မည်သည့်လိပ်ပြာသားရဲကိုမျှ အမဲမလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့အားလုံး နောက်နေ့မနက် စောစော ပြန်ပြီး အမဲလိုက်ပွဲကို အဆုံးသတ်မည် ဖြစ်သည်။

သည်အမဲလိုက်ပွဲက တပည့်အမျိုးမျိုးအတွက် အဓိပ္ပါယ်အမျိုးမျိုး ကွဲပြားသည်။ တစ်ချို့အတွက် ပြီးခဲ့သည့် အမဲလိုက်ပွဲနှင့် အဓိပ္ပါယ်အတူတူပင် ဖြစ်သည်။ တချို့အတွက် မေ့ပျောက်လို့ မရသော အတွေ့အကြုံတစ်ခု ဖြစ်သည်။ တချို့က မဲမှောင်နေသော သည်တောအုပ်ကြီးတွင် အသက်ပေးဆပ်၍ အဆုံးသတ်သွားကြရသည်။

တပည့်အုပ်စု အသီးသီးက တစ်သုတ်ပြီး တစ်သုတ် ပြန်လာကြသည်။ တချို့က ပျော်ပျော်ရွှင်ရွှင် ပြန်လာကြပြီး တချို့က စိတ်မချမ်းမသာဖြင့် ပြန်လာကြသည်။ အတော်များများက ဒဏ်ရာများဖြင့် ပင်ပန်းမောဟိုက်ကာ ပြန်လာကြသည်။ တချို့က အချင်းချင်း ဖေးမကာ ပြန်လာကြသည်။

အမဲလိုက်ပွဲတောက်လျောက် ကြိုးစားပမ်းစား လုပ်ခဲ့ရသော လူငယ်များက ပင်ပန်းနေကြသည်။ သူတို့က နောက်ဆုံးတွင် တောအုပ်မှ ထွက်လာရသဖြင့် ပျော်ရွှင်သွားကြသည်။ သန်မာသူများက လိပ်ပြာတောအုပ်က သူတို့၏ အားအင်နှင့် စွမ်းအားကို သက်သေပြုရာ အရပ်ဖြစ်သည်။ သူတို့ကသာ လိပ်ပြာသားရဲများကို အများအပြား သတ်နိုင်ကြသည်။

အားနည်းသူများက လိပ်ပြာသားရဲများ၏ ပစ်မှတ်ဖြစ်သွားကြပြီး ၎င်းသားရဲများ၏ အဆက်မပြတ် အမဲလိုက်ခြင်းကို ခံကြရသည်။ တချို့က အသက်ရှင်ကျန်ရစ်ဖို့ ပြေးလွှားကြပြီး တချို့က ပုန်းအောင်းနေကြရသည်။ ထိုအရာက သူတို့အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ အတွေ့အကြုံတစ်ရပ် ဖြစ်သည်။

ဆရာများက ပြန်ထွက်လာသော တပည့်များကို တစ်ယောက်ချင်း ရေတွက်ကြသည်။ သူတို့ ရရှိလာသော ဝိညာဉ်ကျောက်တုံးများ၏ အရေအတွက်ကို မှတ်တမ်းတင်ထားကြသည်။ တချို့က သူတို့၏ ကြိုးစားအားထုတ်မှုကို အထင်ကြီးစဖွယ် ပြသကြသည်။ တချို့က လက်ချည်းသက်သက်သာ ဖြစ်နေကြသည်။ အားလုံး၏ ခံစားချက်က မျိုးစုံပင် ဖြစ်တော့သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now