၅၇၉။ ရိုက်နှက်ဖို့ ပြင်ဆင်ခြင်း-၂

385 41 1
                                    

၅၇၉။ ရိုက်နှက်ဖို့ ပြင်ဆင်ခြင်း-၂

ဂျန်ဝုရှီ ပြန်ပြောသည် ကျုပ် ဝိညာဉ်ကုစားဌာနကနေ ထွက်သွားပြီးတဲ့နောက်, အမျိုးမျိုး အဆံခံခဲ့ရတယ်၊ ကျုပ်ကို နားလည်မှု လွဲမှားလို့ ခွဲခြားဆက်ဆံခဲ့ကြတယ်၊ ဒါ့ကြောင့်, ကျုပ် ပြန်လာခဲ့ရင်, အဲအရာတွေအားလုံးကို လုံးဝ သန့်စင်အောင် လုပ်ပြီး နည်းလမ်းတကျနဲ့ပဲ ပြန်လာချင်တယ်။

ဂူလီရှန် ရပ်တန့်သွားသည်။ သူ့အပြုံးများ ပျောက်လွင့်သွားသည်။ သူ အပြစ်ရှိတာကို ခံစားလိုက်ရပြီး သူ့မျက်နှာအမူအရာက ရှက်ဟန်ကို ပြသနေသည်။

ဒီတစ်ချိန်လုံး ဂျန်ရှီ လေညင်းကျောင်း‌တော်မှာ မည်သို့ ဒုက္ခရောက်နေကြောင်း သူ သတိထားမိသည်။ ဂျန်ရှီကို စောစောစီးစီး ပြန်လာဖို့ သူ ပြောချင်ခဲ့သည်။ သို့သော် ဝိညာဉ်ကုစားခြင်း နည်းစနစ် အပြည့်အဝ မအောင်မြင်သရွေ့ ဂျန်ရှီ၏ မူလဇာစ်မြစ်ကို အချိန်မတန်သေးဘဲ ထုတ်ဖော်ပြသတာက သူမအတွက် မလိုအပ်သော အခက်အခဲ ပြဿနာများကိုသာ ပိုမို ယူဆောင်လာလိမ့်မည် ဖြစ်သည်။

တကယ်တော့ ဝိညာဉ်ကုစားခြင်း နည်းစနစ်ကိုယ်တိုင်က ကျောင်းသားများ၏ စိတ်ထဲဝယ် အလွန်အကဲ မြတ်နိုးခံရသည့် အရာ ဖြစ်နေပြီး အမြင့်ဆုံး ဂုဏ်ဒြပ်လည်း ဖြစ်သည်။ ဂျန်ရှီက ဝိညာဉ်ကုစားခြင်း နည်းစနစ်ကို အဆင့်မြင့်အောင် လုပ်နိုင်သည်ဟူ၍ သူ ရုတ်တရက် ကြေညာလိုက်လျှင်, သူကိုယ်တိုင် ပြောသည်ပင် ဖြစ်စေကာမူ မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။ ထိုသို့ ကြေညာလိုက်သဖြင့် ဂျန်ရှီအား ဆဲရေးခြင်း သံသယဝင်ခြင်းများက လျော့ကျသွားနိုင်မည် မဟုတ်ပေ။ ထို့ပြင် နည်းစနစ်ကို ပိုင်ဆိုင်ချင်နေကြသော လူများ၏ မလိုလားအပ်သော ဆွဲဆောင်မှုကိုပင် ခံရနိုင်သည်။ ထိုလူများက ဂျန်ရှီထံ တအုံတမကြီး ရောက်ရှိလာနိုင်သလို အဆုံးမရှိ ဂျန်ရှီကို သိမ်းသွင်းစည်းရုံးကြလိမ့်မည်။

အဆိုးဆုံးက, သူမကို ရရှိဖို့ တစ်ယောက်ယောက်က ယုတ်မာပက်စက်သော အကြံအစည် ရှိလာလျှင်, ရလဒ်က မတွေးဝံ့စရာပင်။

ဝိညာဉ်ကုစားခြင်းနည်းစနစ်က လူများအား အလွန် ဆွဲဆောင်ထားသည်။ သူတို့ကို ဂရုမစိုက်ဘဲ နေလို့ မရပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now