၈၂၁။ သေဖို့ မတောင်းဆိုနဲ့ (၄)

200 29 0
                                    

၈၂၁။ သေဖို့ မတောင်းဆိုနဲ့ (၄)

သခင်ကြီး ကျနော့် ပေးထားတဲ့ တာဝန်တွေကို သေသေချာချာ ထမ်းရွက်ပါ့မယ်ခင်ဗျာ၊ မနက်ဖြန် တိုက်ပွဲ ပြီးသွားတဲ့နောက်မှာ, ကောလာဟလတွေကို ကျနော် ပိုပြီး ဖြန့်လိုက်ပါ့မယ်၊ သခင်ကြီး စိတ်မပျက်စေရဘူးဆိုတာ ကျနော် အာမခံပါတယ် ဇောင်းရွှမ်က သတိထားကာ ပြောသည်။

ဝတ်စုံနက်ရှင်က ခေါင်းညိတ်ပြီး ချက်ချင်းပင် လှည့်ထွက်သွားလေ၏။

ဇောင်းရွှမ်က ထိုလူကြီး ထွက်ခွာသွားတာကို တလေးတစား ကြည့်နေပြီးနောက်, နောက်ဆုံးတွင် သူ စိတ်သက်သာရာ ရသွားကာ တစ်ပြိုင်နက်တည်းလိုလို သူ့နှလုံးသားက အပျော်ကြောင့် ခုန်ပေါက်သွားလေ၏။

ဒီကိစ္စ ပြီးဆုံးသွားသည်နှင့် တန်ဖိုးကြီးရတနာများ, ဥစ္စာဓနများက သူ့အနာဂတ်ကို စောင့်ဆိုင်းနေလိမ့်မည်။

ဇောင်းရွှမ်က ကြီးမားသော မျှော်လင့်ချက်ဖြင့် ပြည့်နှက်လျက် ကျောင်းတော်၏ တည်းခိုအိမ်သို့ သီချင်းတညည်းညည်းဖြင့် ပြန်လာသည်။ သူ့မျက်နှာက ဝမ်းမြောက်ပျော်ရွှင်နေသဖြင့် သူက သန်မာသော ပြိုင်ဘက်နှင့် ယှဉ်ပြိုင်ရမည့် လူနှင့်ပင် မတူချေ။ သူနှင့် တစ်ကျောင်းတည်းသားများက သူ့အကြောင်းကို တီးတိုး ပြောဆိုနေကြလေ၏။ ဇောင်းရွှမ်က အိမ်ရှေ့စံ ကမ်းလှမ်းသော အကျိုးစီးပွားကို လက်ခံပြီး နောက်နေ့ သူ့တိုက်ပွဲကို လက်လွှတ်မှာ ဖြစ်သဖြင့် သူက ဒီလောက် သက်သောင့်သက်သာဖြင့် လွတ်လွတ်ကျွတ်ကျွတ် နေတာ ဖြစ်မည်ဟူ၍ လူတိုင်းလိုလို ခန့်မှန်းမိကြသည်။

ညနက်နက်မှာ ဇောင်းရွှမ်က သူ့အခန်းသို့ ပျော်ပျော်ရွှင်ရွှင် ပြန်လာသည်။ ထိုလူ၏ အမိန့်ကို ဆက်လက် မထမ်းဆောင်ခင် လှပသော စိတ်ကူးယဉ် အိပ်မက် မက်ရန် သူ ရည်ရွယ်ထားသည်။ သို့သော် သူ့အခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်မှာ, အခန်းက ပိန်းပိတ်အောင် မှောင်နေတာကို သူ တွေ့လိုက်သည်။ သူ ဖယောင်းတိုင်းမီး ထွန်းညှိရန် အချန်မရှိသေးပေ။ ထိုစဉ်မှာပင် ရုတ်တရက် တစ်ယောက်ယောက်က ဖယောင်းတိုင်မီးကို ထွန်းညှိလိုက်သဖြင့် မီးအလင်းရောင်ဖြင့် အခန်းက လင်းလက်လာလေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now