၄၇၁။ "ဆက်တိုက်ရိုက်ချက်၊ ဒုတိယပုံစံ-၅"

446 50 1
                                    

၄၇၁။ ဆက်တိုက်ရိုက်ချက်၊ ဒုတိယပုံစံ-၅

မင်းတို့ ဘယ်သူတွေလဲ ကိစ္စရပ်များက ဒီအဆင့်ထိ ဖြစ်ပျက်လာခဲ့ပြီ။ သူတို့ရှေ့မှ လူအုပ်စု၏ ရည်ရွယ်ချက်ကို ဖန်ဂျင် သတိမပြုမိလျှင်, ဆယ်စုနှစ် နှစ်ခုကျော် အသက်ရှင်ခဲ့တာ အလကား ဖြစ်သွားလိမ့်မည်။

သို့သော် တစ်စုံတစ်ယောက်က သူ့အသက် လိုချင်နေတာကိုတော့ သူ မျှော်လင့်မထားမိခဲ့ပေ။

ဒီနေရာမှာ မင်းကို သတ်မဲ့လူတွေပေါ့။ ခေါင်းဆောင်လုပ်သူက အေးစက်စက် ရယ်လျက် ပြောသည်။ သူက ဂျန်ဝုရှီတို့ကို မျက်လုံး ဝေ့ကြည့်သည်။

မင်းတို့က ဌာနခွဲက ကောင်တွေ၊ ကနေ့ အသက်မသေချင်ရင်တော့ ချက်ချင်း ထွက်သွားကြတော့၊ ကနေ့ ဒီမှာ ဖြစ်ပျက်ခဲ့တာကို မင်းတို့ ထုတ်ဖော် ပြောကြားမယ်ဆိုရင်, ငါ မင်းတို့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် လာရလိမ့်မယ်။

ကျောက်ချူတို့က သူတို့အချင်းချင်း လှည့်ပတ်ကြည့်ကြသည်။ သူတို့မျက်နှာများမှာ ရက်စက်သော အပြုံးများ ဖြစ်လာကြသည်။ ကျောက်ချူက ဂျန်ရှီကို လည်ဆန့်ကြည့်၍ မေးသည် သူတို့ရောလား။

ဂျန်ဝုရှီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကြသည်။ သတ်။

ကောင်းပြီ

ကျောက်ချူ ခေါင်းဆောင်လိုက်သည်။ ဟွာယောင်း, ဖေးယန်နှင့် ရောင်းရူတို့က သူ့နောက်မှ ကပ်လိုက်ကြသည်။

ကျောက်ချူက လက်ဆစ်များကို တဖျစ်ဖျစ် ချိုးသည်။ လည်ပင်းကို ဟိုဘက်သည်ဘက် လှည့်၍ သူ့အကြောအခြင်များကို လျှော့သည်။ သူက လူငယ်အုပ်စုကို ကြည့်၍ ပြောလာသည် တောင်းပန်ပါတယ်၊ ထွက်သွားမှာလည်း မဟုတ်သလို, အသေခံမှာလည်း မဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့ အသက်တွေကို လွှဲပေးဖို့တော့ မင်းတို့ ရွေးချယ်လို့ ရတယ်၊ ဒါဆို ငါတို့ မင်းအလောင်းတွေကို အကောင်းအတိုင်း ထားပေးမှာပေါ့။

ခေါင်းဆောင်လုပ်သူက ဌာနခွဲမှ အမှိုက်များက ဒီလောက် မာနကြီးပြီး မလေးမခန့် စကားများ ပြောလိမ့်မည်ဟု ထင်မှတ်မထားပေ။ သူ ခဏလောက် အံ့အားသင့်သွားပြီး တဟားဟား ထရယ်လေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now