၅၈၃။ ရိုက်ချက်များဖြင့် ဖုံးအုပ်ခြင်း-၁

386 32 0
                                    

၅၈၃။ ရိုက်ချက်များဖြင့် ဖုံးအုပ်ခြင်း-၁

ငါ့အကိုကြီး... သူ အခု ဘယ်မှာလဲ ဂျန်ဝုရှီက ကြားရရုံမျှသာ အသံတိုးတိုးဖြင့် မေးသည်။

သင့်ရဲ့ နိမ့်ကျတဲ့ ငယ်သားက မသိပါဘူး။ယဲ့ရှ ပြန်ပြောသည်။ သူ့လေသံက တိုးလျ၍ တည်ငြိမ်သည်။

ဂျန်ဝုရှီက နှုတ်ခမ်းကိုက်၍ ပြောသည် နင် ထွက်သွားနိုင်ပြီ။

ယဲ့ရှက မတ်တပ်ရပ်၍ တံခါးသို့ သွားသည်။ သူ့ခြေလှမ်းက ရပ်တန့်သွားသည်။

သင့် ငယ်သားက ဆရာဝုယောင်း ဘယ်မှာ ရှိမှန်း မသိပေမဲ့, သင့်ငယ်သား မှန်းဆတာ မှန်ရင်, အခု သူ ‌အောက်ဘုံမှာ မရှိလောက်ဘူး၊ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ကုစားနိုင်တဲ့ အရာတွေကို အလယ်ဘုံမှာပဲ ရှာဖွေနိုင်တာမို့လို့ပါ။

ဂျန်ဝုရှီက ရုတ်တရက် ခေါင်းမော့လာသည်။

ငါ့အကိုကြီးက အလယ်ဘုံကလား။

ဂျန်ဝုယောင်းက ထူးခြားဆန်းကြယ်ပြီး လျှို့ဝှက်သိုသိပ်သူမှန်း သူမ အမြဲ ခံစားမိသည်။ သူ့စွမ်းအားက ကောင်းကင်ကိုပင် ဖီဆန်နိုင်လောက်အောင် သန်မာသည်။ ဂျန်ဝုယောင်း၏ စွမ်းအားက ဂျန်ဝုရှီ တွေ့ဖူးသမျှ လူတိုင်းကို လွှမ်းမိုးနိုင်စွမ်း ရှိသည်။ ယဲ့ရှ၏ စွမ်းအားက တိမ်ထူတောင်ထွတ်များတွင် တွေ့ကြုံခဲ့ရသော နန်းတော်ဆယ့်နှစ်ခုမှ လာသော ထိုလူနှစ်ယောက်နှင့် နှိုင်းယှဉ်နိုင်စွမ်းရှိတာကို ပြသထားပြီး ဖြစ်သည်။ ယဲ့ရှ၏ သခင်ကြီးဖြစ်နေသဖြင့် ဂျန်ဝုယောင်း၏ စွမ်းအားက ယဲ့ရှအောက် ဘယ်လိုနည်းနှင့်မျှ မနိမ့်ကျနိုင်ချေ။

ဂျန်ဝုရှီက ဒီအရာအားလုံးကို မှန်းဆထားပြီး ဖြစ်သော်လည်း ခုမှသာ သူမ၏ တွေးတောချက်ကို အတည်ပြုနိုင်သည်။

ယဲ့ရှက စကားတစ်ခွန်းမျှ မပြောတော့ဘဲ တိတ်ဆိတ်စွာ အခန်းထဲမှ ထွက်ခွာသွားသည်။

ဂျန်ဝုရှီက သူမအိပ်ရာပေါ်မှာ လှဲချလိုက်သည်။ လော့မဲ့မဲ့က တဒက်ဒက်ဖြင့် လာ၍ ခုန်တက်သည်။ သူက သူ့ကိုယ်လုံးလေးကို လှမ့်၍ ဂျန်ဝုရှီနားသို့ တိုးဝှေ့ဝင်သည်။ ကြောင်နက်လေးက ဘေးဖယ်ပေးလိုက်ရသည်။ သူက သက်သောင့်သက်သာ အနေအထားကို ဖန်တီးယူပြီး ဂျန်ဝုရှီနားမှာ လှဲချ၍ အိပ်လေ၏။

ပါရမီရှင်သမားတော်(၂)Où les histoires vivent. Découvrez maintenant