၅၉၀။ လူအုပ်ကြီးအား ဖြတ်ရိုက်ခြင်း(၈)

463 45 0
                                    

၅၉၀။ လူအုပ်ကြီးအား ဖြတ်ရိုက်ခြင်း(၈)

ဂျန်ဝုရှီ ခေါင်းညိတ်ပြသည်။

ဂူလီရှန်က လူအုပ်ကြီးကို စူးစူးရဲရဲ ကြည့်၍ ပြောသည် ခုက စပြီး, ဂျန်ရှီက ဝိညာဉ်ကုစားဌာနရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာလိမ့်မယ်၊ ဒါပေမဲ့, မင်းတို့အားလုံး နားထောင်ကြပါ... သူက ငါ့တပည့် မဟုတ်ဘူး၊ ငါ သူ့ကို သင်ပြပေးဖို့, လမ်းညွှန်ပေးဖို့ အရည်အချင်းမရှိဘူး၊ သူ့ဆရာ ဖြစ်ဖို့လည်း အရည်အချင်း ငါ့မှာ မရှိဘူး၊ သူက နောက်နောင်ဆိုရင် ဝိညာဉ်ကုစားဌာနရဲ့ အာဏာတစ်ဝက် ကိုင်စွဲထားသူပဲ၊ သူက ဝိညာဉ်ကုစားဌာနကို တပည့်တစ်ယောက်အနေနဲ့ ဝင်ရောက်လာခဲ့ပေမဲ့, ဂျန်ရှီကို တပည့်တစ်ယောက်အနေနဲ့ ဘယ်သူမှ မဆက်ဆံရဘူး။

ဂူလီရှန်က ထိုသို့ ပြောဆိုရင်း လူအုပ်ကြီးကြားထဲမှ ချင်းယန်ဟဲသို့ အကြည့်ရောက်သွားသည်။ သို့သော် ခပ်မြန်မြန်ပင် သူ့အကြည့်ကို လူအုပ်ကြီးတစ်ခုလုံးသို့ ရွှေ့လိုက်သည်။

ကျောင်းတော်ရှိ ဆရာများထဲတွင် ချင်းယန်ဟဲက ဂျန်ရှီကြောင့် သူ ရှက်သည်, ဂျန်ရှီက သူ့သင်ပြမှုကို ခံယူဖို့ မထိုက်တန်ဟူ၍ အမြဲတမ်း ပြောဆိုခဲ့သူ တစ်ယောက် ဖြစ်သည်။

ထို့ပြင် ဂူလီရှန်၏ စကားများက သူ့မျက်နှာကို ကောင်းကောင်း ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။

သူက သားရဲဝိညာဉ်ဌာနတွင် သာမန် ဆရာမျှသာ ဖြစ်သည်။ သူ့ထက် အရည်အချင်းသာလွန်သော ဆရာများ, နည်းပြများက ပေါ, ပေါလွန်းလှသည်။

ထို့ပြင် ဂူလီရှန်၏ မျက်လုံးထဲတွင် သူက ဘာဆိုဘာမှ မဟုတ်ချေ။ ဂူလီရှန်က လေးစားမြတ်နိုးရသော ဝိညာဉ်ကုစားခြင်းဌာနတွင် အကြွင်းမဲ့ အာဏာကို ကိုင်စွဲထားသူ ဖြစ်သည်မဟုတ်လော။

ဂူလီရှန်နှင့် နှိုင်းယှဉ်လိုက်လျှင် ချင်းယန်ဟဲက သူ့ဖိနပ်ကို ကိုင်ဖို့တောင် ထိုက်တန်သူ မဟုတ်ချေ။

ဂူလီရှန်က သူသည်ပင် ဂျန်ရှီအား သင်ပေးဖို့, သို့မဟုတ် ညွှန်ကြားပေးဖို့ အရည်အချင်းပြည့်မီသူ မဟုတ်ဟု ကြေညာသွားခဲ့သည်။ ဒါက ချင်းယန်ဟဲဆိုသော သူက ပိုလို့တောင် အရည်အချင်းမပြည့်မီဟု ဆိုလိုရာ ရောက်သည် မဟုတ်လော။ ချင်းယန်ဟဲက ဂျန်ရှီကို စွပ်စွဲပုတ်ခတ်ခဲ့သည် သင်လိုစိတ် မရှိသူ၊ အောကြော့လန် စရိုက်လက္ခဏာရှိသူဟူ၍။ ထိုစကားများ အားလုံး ကနေ့ ဂူလီရှန်၏ စကားကြောင့် သူ့ထံသို့သာ ပြန်ရောက်လာလေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now