၇၂၇။ ရှစ်ခုမြောက် ရိုက်ချက် (၈)

297 39 0
                                    

၇၂၇။ ရှစ်ခုမြောက် ရိုက်ချက် (၈)

သို့သော် ထိုလူက စိတ်လွတ်နေခဲ့သည် မဟုတ်လော။

ရထားလုံးထဲမှ အရပ်မြင့်မြင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ လိမ္မော်ရောင် နေအလင်းအောက်တွင် သူ့ပုံရိပ်က လူများအား မှင်သက်စေသည်။ နေဝင်ဆည်းဆာရောင်က သူ့အပေါ်မှာ ရွှေရည်များ လောင်းချသလို ရွှန်းလဲ့နေသည်။ သူက ရထားလုံးမှ ဖြည်းဖြည်းသာသာ ဆင်းသက်လာသည်။ သူ့အရပ်ရှည်ရှည်က ရထားလုံးမှ ခါးညွတ်ဆင်းပြီး ခါးဆန့်လိုက်လျှင် လူရိပ်က ရှည်လျားဆန့်ထွက်သွားလေ၏။ သူ့မျက်နှာပုံရိပ်က မျက်စိကျိန်းစေသော နေရောင်ဖြင့် ဖုံးလွှမ်း၍ အမှောင်ရိပ်သန်းနေသည်။ ၎င်းမြင်ကွင်းက ပုံရိပ်ယောင် ပန်းချီတစ်ချပ်ပမာ ဖြစ်နေလေ၏။

၎င်းမြင်ကွင်းက ခဏတဖြုတ်သာ ဖြစ်သည်။ သို့သော် နင်ရူအတွက် နေ့တာ ရှည်လျားသလို ဖြစ်သွားရသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ သူ ထိုလူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရအောင် အားစိုက် ကြည့်လိုက်သည်။

(တကယ် သူ ဖြစ်နိုင်သလား။)

(မဖြစ်နိုင်ဘူး။)

ဂုယင်က အကြိမ်ပေါင်းများစွာ ပြောထားခဲ့သည်။ ထိုလူ၏ ဦးခေါင်းသို့ သူ့ရိုက်ချက်က အရူးတစ်ယောက်လို ဖြစ်သွားစေပြီး ပျောက်ကင်းအောင် ကုသဖို့ မဖြစ်နိုင်သလောက်ပင်။ ကုသပေးနိုင်သူ ရှိလာလျှင်လည်း ရက်တိုတိုဖြင့် ပျောက်ကင်းအောင် ကုသဖို့က မဖြစ်နိုင်ဟူ၍ ပြောထားခဲ့သည်။

နင်ရူ၏ နှလုံးသားက လည်ချောင်းမှ ပျို့တက်မတတ် ဖြစ်သွားသည်။ သူ့မျက်လုံးများကို အကောင်းဆုံး မြင်ရအောင် သူ ကြိုးစားဖွင့်ထားသည်။ ထိုလူ၏ မျက်နှာကို ဖြစ်နိုင်သမျှ မြန်မြန် ရှင်းလင်းစွာ မြင်ရအောင် သူ စောင့်ဆိုင်းနေမိသည်။

နင်ရူသာ မကဘဲ လေညင်းကျောင်းတော်သားများ အားလုံးလည်း မျက်စိစူးသော နေရောင်အောက်တွင် အမြင်ရှင်းအောင် စူးစိုက် ကြည့်နေကြသည်။ ဖန်ဇို၏ အစောပိုင်း အုတ်အော်သောင်းနင်း ဖြစ်စေသော စကားများက သူတို့နှလုံးသားများအား မုန်တိုင်းထန်စေခဲ့သည်။ မရူးသေးသရွေ့ ဖန်ဂျင်က သူ့ဖခင်အရင်းကို သတ်ဖြတ်သည်ဆိုသော အချက်က ယုတ္တိတန်သော အကြောင်းပြချက်ဟူ၍ သူတို့ ယုံကြည်ကြမည် မဟုတ်ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now