၈၅၅။ အကျဉ်းထောင်သို့ အလည်သွားခြင်း (၁)

97 15 0
                                    

၈၅၅။ အကျဉ်းထောင်သို့ အလည်သွားခြင်း (၁)

မြင်းဆွဲရထားလုံး အိမ်ရှေ့စံ၏ နန်းဆောင်သို့ ရောက်ရှိချိန်မှာ ဂျန်ဝုရှီက စောင့်ဆိုင်းကျန်ရစ်ခဲ့သော ကျောက်ချူနှင့် အတူ ပြန်ထွက်ခွာသွားသည်။ လေ့ချန်၏ ညစာစားရန် ဖိတ်ခေါ်ခြင်းကို ငြင်းဆိုလိုက်ကြသည်။

ဂျန်ဝုရှီက ကျောက်ချူနှင့် အတူ ထာဝရအမိုးခုံး တည်းခိုအိမ်သို့ ပြန်လာသည်။ ဖန်ဇိုနှင့် တခြားလူများက သူတို့ကို အကြာကြီး စောင့်ဆိုင်းနေကြသည်။

ဘယ်လို ဖြစ်သွားပြီလဲ ဖန်ဇိုက ရေနွေးတစ်ခွက်ကို သွန်းထည့်၍ ဂျန်ဝုရှီ ရှေ့သို့ ယူလာသည်။

ကိစ္စက မျက်စိနဲ့ မြင်နေရတာထက် ပိုတယ် ဂျန်ဝုရှီက သူမအား ကမ်းလှမ်းပေးသော ရေနွေးကို ယူ၍ ချောက်သွေ့နေသော သူမလည်ချောင်းကို စိုစွတ်စေပြီးနောက် ပြောလိုက်သည်.

တစ်ခုခု သတိပြုမိခဲ့တာ ရှိလား ဖန်ဇိုက ဂျန်ဝုရှီ၏ ဆေးပညာကို လုံးဝ ယုံကြည်ချက်ရှိသည်။ သူကိုယ်တိုင် သူမ၏ လူနာဖြစ်ခဲ့သည် မဟုတ်လော။

ဂျန်ဝုရှီ ခေါင်းညိတ်ပြသည်။ သို့သော် ပိုပိုလိုလို ရှင်းပြဖို့ သူမ ရည်ရွယ်ချက် ရှိဟန် မတူပေ။

ငါ အကိုဟွာနဲ့ လူချင်း ချိန်းဖို့ သွားတော့မယ်၊ ချူလင်းယွဲ့ရဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းထူး ရှိလာရင်, ငါ့ဆီ လာ သတင်းပို့လှည့်ပါ။ ဂျန်ဝုရှီက ခဏလောက် ရပ်တန့်လိုက်ပြီး ‌ဖေးယန်ကို ပြောသည် ချူလင်းယွဲ့ကို နင် နောက်တစ်ခေါက် စစ်ဆေးဖို့ သွားခဲ့ရင်, သူမရဲ့ နားနောက်ဘက်မှာ ဒဏ်ရာလေး ရှိသေးလား မရှိတော့ဘူးလားဆိုတာကို စစ်ဆေးဖို့ မမေ့ပါနဲ့။

ဂျန်ဝုရှီ ပြောတာကို ဖေးယန်က အပြည့်အဝ နားမလည်သော်လည်း, သူ မေးခွန်းမထုတ်ဘဲ ခေါင်းညိတ်ပြလိုက်သည်။

ထိုညတွင် ဂျန်ဝုရှီက သူမ၏ အချုပ်ခန်းသို့ အကိုဟွာနှင့် လူချင်းချိန်းရန် ပြန်သွားသည်။ သူတို့ လူချင်းချိန်းပြီး မကြာခင်မှာပင် အထူးဧည့်သည်တစ်ယောက် အချုပ်ခန်းသို့ အလည် ရောက်ရှိလာသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now