၄၉၈။ "ဆက်တိုက်ရိုက်ချက်၊ အိမ်လွမ်းနာ-၁"

464 50 0
                                    

၄၉၈။ ဆက်တိုက်ရိုက်ချက်၊ အိမ်လွမ်းနာ-၁

ခဏလောက် စောင့်ဆိုင်းပြီးနောက် ယဲ့ရှ ပြန်လာသည်။ သူ ယူဆောင်လာသည့် သတင်းက ဂျန်ဝုရှီအား မျက်ခုံးကျုံ့စေ၏။

နင်ရှင်းနှင့် ယင်ယန်က အမဲလိုက်ပွဲမှ ပြန်လည် ဆုတ်ခွာသွားဖို့ ရုတ်တရက် ဆုံးဖြတ်ခဲ့သည်။ အကြောင်းကို မည်သူမျှ မသိကြချေ။ ထိုနှစ်ယောက်က ရေးကြီးသုတ်ပျာ ထွက်ခွာသွားရင်း အန္တရာယ်အချက်ပြမီးကို ထုတ်လွှင့်ခဲ့သည်။ ယဲ့ရှက သူတို့နှစ်ယောက် ရှိနေသော နေရာသို့ ရောက်သွားချိန်မှာ ဆရာများက သူတို့ကို ပြန်လည် ခေါ်ဆောင်သွား၍ တောအုပ်မှ ထွက်ခွာသွားလေပြီ။

သူတို့ ရှောင်တိမ်းသွားတာ အတော် မြန်တာပဲ ဂျန်ဝုရှီက အေးစက်စက် ပြောသည်။

ပြောရမယ်ဆိုရင်, ဘုန်းကြီးက ရှောင်တိမ်းသွားရင်တောင်, မိစ္ဆာတွေက ကျန်နေသေးတာပဲမို့လား၊ ဘယ်လို ဖြစ်ဖြစ် သူတို့က လေညင်းကျောင်းတော်ကို ပြန်သွားကြမှာ၊ ဟုတ်တယ်မို့လား ဟွာယောင်းက ပြောသည်။ သူ့မျက်နှာက တည်ငြိမ်နေ၏။

ဂျန်ဝုရှီက အနည်းငယ် အေးစက်စက် ပြုံးလိုက်သည်။ သူတို့ ထွက်ပြေးစရာ နေရာမရှိပါဘူး။

သူတို့ နှစ်ယောက်က ကံကောင်းသော် ကောင်းနိုင်၏။ တောအုပ်မှ ထွက်၍ ဆုတ်ခွာသွားသဖြင့် အချိန်ပို ရသွားကောင်း ရသွားနိုင်၏။ သို့သော် အမဲလိုက်ပွဲပြီး၍ တပည့်များအားလုံး လေညင်းကျောင်းတော်သို့ ပြန်ရောက်ချိန်မှာ နင်ရှင်းနှင့် ယင်ယန်က ပုန်းနေနိုင်အုံးမည်လော။ ထိုနှစ်ယောက်ကို သူမက လွယ်လွယ်နှင့် လွှတ်မပေးနိုင်ပေ။ သူတို့က ရူလင်းစစ်သားများအပေါ် အကောက်ကြံမှတော့, အကျိုးဆက်ကို လက်ခံဖို့ ပြင်ဆင်ထားရမည်ပေါ့။

ငါတို့ အမဲဆက်လိုက်ရမလား, ဒါမှမဟုတ် ငါတို့လည်း ပြန်သွားကြမလား ကျောက်ချူက အတော့်ကို စိတ်အားတက်ကြွနေ၏။ ဂျန်ဝုရှီနောက်သို့ လိုက်ရတာ သူ့အတွက် ပြိုင်ဘက်ကင်း ပီတိနှင့် စိတ်လှုပ်ရှားမှုကို ဖြစ်စေနိုင်သည်။

ပထမဆုံး ချင်းယန်ကလန် ဖြစ်သည်။ ထို့‌နောက် ကာကွယ်သူအဆင့် လိပ်ပြာသားရဲနှင့် တိုက်ပွဲဝင်ရသည်။ ဒီကိစ္စပြီးသည့်နောက် ဂျန်ဝုရှီက မည်သို့သော ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သော ကိစ္စမျိုးကို လုပ်ဆောင်လာအုံးမည်နည်းဟု သူ တကယ် မျှော်လင့်နေမိသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now