၃၈၅။ "စာရင်းသွင်းခြင်း - ၁"

498 41 1
                                    

၃၈၅။ စာရင်းသွင်းခြင်း - ၁

တည်းခိုဆောင်တွင်, ဖေးယန်က ကြည်လင်ပြီး အရည်လဲ့နေသည့် သလင်းကျောက်ကို ဂျန်ဝုရှီအား လှမ်းပေးသည်။

လေညင်းကျောင်းတော်ဝင်ခွင့် တင်သွင်းတဲ့အချိန် မင်းရဲ့ လက်စွပ်ဝိညာဉ်ကို စစ်ဆေး အတည်ပြုလိမ့်မယ်၊ မင်း လက်စွပ်ဝိညာဉ်ကို ဆင့်ခေါ်စရာ မလိုဘူး၊ ဒါပေမဲ့ ဒီသလင်းကျောက်ပေါ် မင်းလက်ကို တင်ထားလိုက်၊ ဒီသလင်းကျောက်က မင်း လက်စွပ်ဝိညာဉ်ကို ပုံတူကူးပြီး လက်စွပ်ဝိညာဉ်ရဲ့ အဆင့်အတန်းကို သေချာစေလိမ့်မယ်၊ ကြောင်နက်လေးကို ကြာပန်းလေးအစား အသုံးပြုရင် ပိုကောင်းလိမ့်မယ်။ ဖေးယန်က နေ့တစ်ဝက်အတွင်း ကျောင်းတော်ဝင်ခွင့် စာရင်းသွင်းခြင်းနှင့် ပတ်သက်သမျှ သိရှိလာခဲ့သည်။ တခြားလူများအတွက် စိုးရိမ်စရာ မရှိပေ။ သို့သော် ဂျန်ရှီ၏ လက်စွပ်ဝိညာဉ်က ထုတ်ဖော်လို့ ရသည့် အရာမဟုတ်ပေ။

ကြောင်နက်လေးလည်း မင်းရဲ့ လက်စွပ်ဝိညာဉ်လို့ ကျောက်ချူ ပြောထားတယ်၊ မင်း အဲလို လုပ်သင့်တယ်။ ဂျန်ရှီ့ ကြောင်နက်လေး၏ မူရင်းဇာစ်မြစ်က လျှို့ဝှက်ချက် ဖြစ်သည်။ ဖေးယန်တို့က ကြောင်နက်လေးအကြောင်းကို များများစားစား မမေးကြပေ။

ဂျန်ဝုရှီက ခေါင်းညိတ်ပြသည်။ ဖေးယန်ထွက်သွားပြီးနောက်, သူမက သူမလက်ကို သလင်းကျောက်ပေါ် တင်လိုက်သည်။ အလွန် မှုန်ဝါးဝါးနိုင်သော ကြာပန်းပုံရိပ်က သလင်းကျောက်တွင် ပေါ်လာသည်။ သတိမပြုမိနိုင်လောက်အောင် မှုန်ဝါးဝါး ဖြစ်နေသည်။

ဂျန်ဝုရှီက မျက်လုံးကျဉ်းမြောင်းသွားပြီး သူမ၏ စကြဝဠာအိတ်မှ ချိတ်ပိတ်အလုံးကြီးကို (ရှေ့မှာတော့ ပုလင်းလို့ သုံးခဲ့သည်) ထုတ်ယူသည်။ ၎င်းချိတ်ပိတ်အလုံးကြီး၏ အောက်ခြေတစ်ဝက်က ကောင်းကင်ဘုံစမ်းရေများဖြင့် ပြည့်နေသည်။ ကြာပန်းလေးက အလုံးကြီးအတွင်း ရေမျက်နှာပြင်ပေါ်တွင် တည်ရှိနေသည်။

ဖီးနစ်ကျောင်းတော်မှ သူမထွက်လာခဲ့စဉ်, ဂျန်ဝုရှီက ဆီးနှင်းကြာပန်းကို သူမနှင့် အတူ ယူဆောင်လာခဲ့သည်။ ဆီးနှင်းကြာပန်းကို ကောင်းကင်ဘုံပုလင်းထဲတွင် ထည့်သွင်းယူလာခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံစမ်းရေအတွက်လည်း သူမ ပူပန်စရာ မလိုတော့ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now