၂၃၃။ "စတုတ္ထရိုက်ချက် - ၁"

1K 75 4
                                    

၂၃၃။ “စတုတ္ထရိုက်ချက် - ၁”

ချင်ယုယန် ယူဆထားတာက... သည်လူငယ်က ဂျန်ဝုရှီ ငှားရမ်းထားသည့် ပြင်ပအင်အားစုမှ အကူအညီသာဟူ၍ ဖြစ်သည်။

 သို့သော် စုတ်ချာသည့် လင်းအိမ်တော်သခင်မလေးမျှသာ ဖြစ်သော ဂျန်ဝုရှီက ထိုပြင်ပအင်အားစုကို ကမ်းလှမ်းထားတာ ရှိမည်။ ဂျန်ဝုရှီ ကမ်းလှမ်ထားတာထက် ချင်းယန်ကလန်က နှစ်ဆတက် ကမ်းလှမ်းနိုင်မည်ဟူ၍ သူမက တွေးတောနေခဲ့သည်။

မလှုပ်ရှားမယိမ်းယိုင်စေနိုင်သည့် မိတ်ဖွဲ့ခြင်းမည်သည် မရှိပေ။ လူများမှာ စိုက်ဆောက်ထားသည့် သစ္စာရှိခြင်း, ဆုံးဖြတ်ချက်ခိုင်မာခြင်းက လုံလောက်အောင် မြူဆွယ်နိုင်သည့် ကမ်းလှမ်းမှုရှိလာလျှင် ပျက်စီးသွားမည်သာ ဖြစ်သည်။

လင်းအိမ်တော်နှင့် ချင်းယန်ကလန်ကြား ရွေးချယ်စရာ ရှိလာလျှင်, လူနုံလူအသည်ပင် ဘယ်ဟာကို ရွေးချယ်ရမလဲ သိနိုင်သည်ဟူ၍ ချင်ယုယန်က ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။

အမူးသမား ကြာပန်းက သူ့ရှေ့ရှိ ဟန်များသည့် မိန်းမဘက်သို့ အထင်သေးဟန်ဖြင့် လှည့်ကြည့်လိုက်သည်။ သူ့ပါးစပ်မှ စက်ဆုပ်ရွံ့ရှာသည့် ရွှက်ခနဲ အသံကို လုပ်လိုက်သည်။

“နင် ပေါက်ကရစကားတွေ ပြောပြီးပြီလား၊ နင် ပြောပြီးရင် နင့်လှောင်အိမ်ကို ပြန်ဝင်, တံခါးပိတ်ပြီးတော့ သေမယ့်အချိန်ကို ထိုင်စောင့်နေ၊ ချင်းယန်ကလန်တဲ့လား, နင်က ငါ့ဖိနပ်တွေ ကိုင်ဖို့တောင် မတန်ဘူး” လူသားကလန်တစ်ခုကို အသုံးပြုပြီး လက်စွပ်ဝိညာဉ်ကို ထောင်ဖမ်းသတဲ့လား၊ သူမက ကျပ်မပြည့်ဘူးလား။

ချင်ယုယန်၏ မျက်နှာက တုန်လှုပ်ချောက်ချားပြီး အေးခဲသွားရသည်။ မည်သူမျှ အင်အားကြီး ချင်းယန်ကလန်၏ အကူအညီကို ဘယ်တုန်းကမှ မငြင်းဆိုခဲ့ဖူးပေ။ ချင်ယုယန်က ဒေါသထွက်ကာ တဖောက်ဖောက် ဖြစ်လာသည်။ သို့သော် သူမက ဒေါသကြောင့် မည်သည့်စကားကိုမျှ မပြောဆိုနိုင်တော့ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now