၅၆၇။ ကျိကျိတက် ချမ်းသာသူများအတွက် လေလံပွဲ - ၆

383 45 0
                                    

၅၆၇။ ကျိကျိတက် ချမ်းသာသူများအတွက် လေလံပွဲ - ၆

ဝိညာဉ်စွမ်းအားမြှင့် ဆေးလုံး၏ အကျိုးသက်ရောက်မှုက အတော်လေး အံ့အားသင့်စရာကောင်းသည်။ သို့သော် ၎င်းဆေးလုံးက တစ်ခါသုံး ဖြစ်၍ ကန့်သတ်ချက် ရှိသည်။ ထိုလို ဆေးလုံးမျိုးအတွက် တစ်သိန်းကျော် တစ်ခါတည်း ပုံအောပစ်ခြင်းကို လေညင်းကျောင်းတော်၏ ကျိကျိတက်ချမ်းသာသော တပည့်များသာ တတ်နိုင်သည်။ သူတို့က သူတို့အတွက် ကောင်းဖို့ဆို ပိုက်ဆံကို ထည့်တွက်သူများ မဟုတ်ကြချေ။

အချိန်ခဏလေးအတွင်းမှာ ဆေးလုံးငါးလုံးစလုံး အပြီးအပြတ် လေလံပစ်ပြီးသွားသည်။ လေညင်းကျောင်းတော်သားများသာ လေလံဆွဲသွားခြင်း ဖြစ်သည်။ တက်ရောက်လာကြသော တခြားလူများ အခွင့်အရေး မရလိုက်ကြချေ။

လေညင်းကျောင်းတော်သားများ၏ ရက်ရက်စက်စက် ပိုက်ဆံဖြုန်းနိုင်သော အံ့ဖွယ်စွမ်းအားကို ချန်လင်းမြို့ရှိ လူများ နောက်တစ်ကြိမ် ကိုယ်တိုင် တွေ့ကြုံရခြင်း ဖြစ်သည်။

ဒုတိယထပ်ရှိ သီးသန့်ခန်းထဲတွင် ကျောက်ချူက ဝိညာဉ်စွမ်းအားမြှင့်ဆေးလုံးများ ရောင်းရငွေများကို တွက်ချက်သည်။ သူ့မျက်လုံးများ ပြူးကျယ်ကာ အပြုံးမရပ်တော့ပေ။

ရှီလေး, အဲဆေးလုံးတွေ ဖော်စပ်ဖို့ မင်း အချိန် ဘယ်လောက် ကြာလဲ ကျောက်ချူက မျက်လုံးတလက်လက်ဖြင့် ဂျန်ဝုရှီကို စိတ်ဝင်တစား မေးသည်။

ဂျန်ဝုရှီက ခဏလောက် စဉ်းစားပြီး ပြန်ဖြေသည် တစ်ရက်။

ကျောက်ချူ အံ့အားသင့်သွားသည်။ ထို့နောက် အရယ်ဖြင့် ပြောလာသည် ဟားဟား... ဒါဆို နေ့စဉ် သုံးစွဲငွေအတွက် တစ်သိန်း သုံးသောင်း ဝင်ငွေ နေ့တိုင်း ရနိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။

ဂျန်ဝုရှီက တည်ငြိမ်စွာ ပြန်ပြောသည် ဆေးမီးပြင်းဖို တစ်ချက်စာဆို တစ်ကြိမ်မှာ အလုံးနှစ်ဆယ် ရတယ်။

.......... ကျောက်ချူ မေးရိုးများ ပြုတ်ကျမလို ဖြစ်သွားသည်။ သူ ပါးစပ်မပိတ်နိုင် ဖြစ်သွားသည်။

ဘေးမှာ ထိုင်နေသော ဖေးယန်သည်ပင် ဟာခနဲ ဖြစ်သွားသည်။

မကြာခင်မှာ ချန်လင်းလေလံအိမ်တော်က ဒုတိယလေလံပစ္စည်းကို စင်ပေါ်သို့ တင်လာသည်။ ၎င်းက နောက်ထပ် ဆေးတစ်မျိုး ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Onde as histórias ganham vida. Descobre agora