၆၉၉။ ဖန်ချီ သေဆုံးပုံ (၂)

255 31 0
                                    

၆၉၉။ ဖန်ချီ သေဆုံးပုံ (၂)

အာ့ဂျန်က ဂျန်ဝုရှီရှေ့တွင် ကြောက်ရွံ့စွာ ဒူးထောက်ထားသည်။ သူက လက်နှစ်ဖက်လုံးဖြင့် အမူအရာပြလျက် တစ်ခုခုကို ကြိုးစား၍ ပြောပြနေချင်ပုံရသည်။ သူ့ပါးစပ်မှ မသဲမကွဲ အသံများက မပြတ်မစဲ ထွက်လာသည်။ အာ့ဂျန်က တစ်ခုခုကို ပြောဖို့ ကြိုးစားသည်။ သို့သော် သူ့လျှာက အဖြတ်ခံထားရသည်။ သူ့ပါးစပ်က မည်သို့မျှ စကားမပြောနိုင်တော့ပေ။ သူက မရှင်းလင်းသော အသံမျှကိုသာ ထုတ်ဖော်နိုင်တော့သည်။

အာ့.. အာ့.. အာ့.. အာ့ဂျန်က တံခါးအပြင်ဘက်ကို လက်ညှိုးညွှန်ပြသည်။ သူက ကြမ်းပြင်နှင့် ဦးခေါင်းထိ၍ အကြိမ်ကြိမ် ဦးညွတ်သည်။ မြေပြင်ပေါ်မှ တဘန်းဘန်း အသံများ ထွက်ပေါ်လာသည်။ သူ့နဖူးအရေပြား ကွဲအက်လာသည်။ ဒဏ်ရာမှ သွေးများ စီးကျလာသည်။ သို့သော် အာ့ဂျန်က မရပ်ဘဲ ဆက်လက်၍ မရပ်မနား ဦးတိုက်နေလေ၏။ သူ့ရှိသမျှ အားအကုန်လုံး သုံးနေခြင်း ဖြစ်သည်။

နင် ရူးမနေဘူးပဲ ဂျန်ဝုရှီက အာ့ဂျန်ကို တည်ငြိမ်စွာ ကြည့်လျက် ပြောသည်။

အာ့ဂျန်က ခေါင်းမော့လိုက်သည်။ သူ့နှာခေါင်းပေါ်သို့ သွေးစိမ်းများ ကျဆင်းလာသည်။ သူ့မျက်နှာက လင်းလက်သွားပြီး အားတက်သရောဖြင့် သူ ခေါင်းညိတ်ပြသည်။

နင် ငါ့ကို ပြောပြချင်တာ တစ်ခုခု ရှိနေတာလား ဂျန်ဝုရှီက ဆက်မေးသည်။

အာ့ဂျန်က နောက်တစ်ကြိမ် ခေါင်းညိတ်ပြသည်။

ထတော့ ဂျန်ဝုရှီက ပြန်ထိုင်ပြီး စာရွက်နှင့် မှင်တံကို စားပွဲပေါ်သို့ ချပေးလိုက်သည်။

နင် စကားမပြောနိုင်တော့, စာရေးပြော။

အာ့ဂျန်က မထဘဲ စားပွဲဘေးမှာပဲ နေလိုက်သည်။ သူက မှင်တံကို ယူ၍ စာ တစ်ကြောင်းပြီး တစ်ကြောင်း ရေးလေ၏။ သူ့လက်များက တုန်ယင်နေသည်။ သို့သော် လက်တုန်ခြင်းက စိတ်လှုပ်ရှားခြင်း ကြောင့်လား, တခြားအကြောင်းကြောင့်လားတော့ မသိရပေ။

ခဏအကြာမှာ အာ့ဂျန်က စာမျက်နှာ သုံးမျက်နှာအပြည့် ရေးပြီးသွားလေပြီ။ သူက ဂျန်ဝုရှီရှေ့မှာ စာရွက်များကို ချထားပေးလိုက်သည်. သူက ချက်ချင်း နောက်သို့ ဆုတ်၍ မြေပြင်နှင့် ဦးခေါင်းကို အဖန်ဖန်ထိ၍ ဦးညွတ်ပြန်သည်။ ဂျန်ဝုရှီက သူ၏ နောက်ဆုံးသော မျှော်လင့်ရာအဖြစ် တောင်းပန်နေခြင်းပင် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Onde histórias criam vida. Descubra agora