၇၉၈။ လေညင်းကျောင်းတော် နောက်တစ်ကြိမ် တိုးတက်လာခြင်း (၇)

176 26 0
                                    

၇၉၈။ လေညင်းကျောင်းတော် နောက်တစ်ကြိမ် တိုးတက်လာခြင်း (၇)

သူ အံ့အားသင့်နေသော်လည်း, လေ့ချန်က ပုံမှန်အတိုင်းလိုသာ ပြုမှုလိုက်သည်။ သူက ဂျန်ဝုရှီနှင့် သူမအပေါင်းအသင်းများကို အိမ်ရှေ့စံ၏ နေအိမ်သို့ အားတက်သရောဟန်ဖြင့် ကြီးကြီးကျယ်ကျယ် မဖိတ်မံပေ။ သို့သော်လည်း ထာဝရအမိုးခုံး တည်းခိုးဆောင်မှာပင် စားပွဲအပြည့် ဟင်းလျာများကို တည်ခင်းပေးဖို့ အမိန့်ပေးလိုက်သည်။

ကျောက်ချူတို့က သန့်ရှင်းရေး လုပ်ရန် သူတို့ အခန်းသို့ ကိုယ်စီ ပြန်သွားကြသည်။ လေ့ချန်က ဒုတိယထပ်၏ ခန်းမကြီးရှိ စားပွဲတွင် ထိုင်နေသည်။ ဂျန်ဝုရှီလည်း ၎င်းစားပွဲတွင် ရှိနေဆဲ ဖြစ်သည်။

လေ့ချန်က ဂျန်ဝုရှီနှင့် စကားပြောဖို့ အခွင့်အရေး အနည်းငယ် ယူလိုက်သည်။ သူက အပြာရောင်ဝိညာဉ်စွမ်းအားရှင်များကို သိမ်းသွင်းဖို့ စဉ်းစားထားသော်လည်း ဝိညာဉ်ကုစားခြင်း နည်းစနစ်ကို တတ်ကျွမ်း၍ တန်ဖိုးမြင့်မားသော ဂျန်ဝုရှီကိုလည်း သူ လက်လွှတ်ခံမည် မဟုတ်ပေ။

ညီငယ်လေး ဂျန်ရဲ့ ပြိုင်ပွဲက မနက်ဖြန်မို့လား လေ့ချန်က အပြုံးဖြင့် မေးသည်။

ဂျန်ဝုရှီ ခေါင်းညိတ်ပြသည်။ သူမ၏ အမူအရာက အေးစက်စက်ဖြင့် ထူးမခြားနားဟန် ရသော်လည်း အရင်တုန်းက သူ့အား လုံးလုံးလျားလျား လျစ်လျူရှူထားခဲ့တာနှင့် နှိုင်းစာလျှင် သူ၏ မေးမြန်းခြင်းကို အသိအမှတ် ပြုပေးလိုက်သဖြင့် လေ့ချန် အတော်လေး အံ့အားသင့်သွားရသည်။

ငါ ကြားထားတာက... မနက်ဖြန်ကျရင် မင်းရဲ့ ပြိုင်ဘက်က နဂါးသတ်ကျောင်းတော်က လင်းချီမို့လား၊ လင်းချီက နဂါးသတ်ကျောင်းတော်မှာ အဆင့်အမြင့်ကြီး မဟုတ်ပေမဲ့, သူ့ကို သက်သက်သာသာနဲ့ ယှဉ်ပြိုင်လို့တော့ ရမှာ မဟုတ်ဘူး၊ ညီငယ်လေး ဂျန်, နည်းနည်းလေး ပိုပြီး သတိထားပေါ့၊ နဂါးသတ်ကျောင်းတော်နဲ့ လေညင်းကျောင်းတော်ဆိုတာ သူသာ ကိုယ်သာ ယှဉ်ပြိုင်လာခဲ့တာ ကြာခဲ့ပြီလေ၊ ကျောင်းတော်သားတွေလည်း အချင်းချင်း မျက်လုံးချင်းတောင် မဆုံကြဘူး၊ ညီငယ်လေး ဂျန်အနေနဲ့ မနက်ဖြန်ကျရင် သတိပိုထားဖို့ လိုတယ်၊ ညီငယ်လေး ထိခိုက်ဒဏ်ရာ ရမသွားစေနဲ့ပေါ့ လေ့ချန်၏ မျက်နှာက စိုးရိမ်ပူပန်ဟန် ဖြစ်နေသည်။ သူက ဂျန်ဝုရှီကို ကြည့်လျက် စကားပြောနေရင်း အင်မတန် စိုးရိမ်ပူပန်သည့် ပုံဟန်ကို ပြသထားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now