၄၅၉။ "ဆက်တိုက်ရိုက်ချက်၊ ပထမပုံစံ-၆"

432 55 0
                                    

၄၅၉။ ဆက်တိုက်ရိုက်ချက်၊ ပထမပုံစံ-၆

ဂျန်ဝုရှီ၏ အေးခဲနေသော အကြည့်အောက်တွင် လီဇီမု ခိုက်ခိုက်တုန်နေသည်။

ဂျန်ဝုရှီက ဝိညာဉ်ကုစားခြင်းနည်းစနစ်ကို သင်ယူဖို့ တမ်းတမ်းစွဲခဲ့သလော၊ သူ အလွန်ပင် ဟာသဖြစ်ခဲ့ရလေပြီ။

လီဇီမု နောက်ဆုံးတွင် ၎င်းအကြောင်းအရာကို သဘောပေါက်သွားသည်။ သူ့ကို လွှတ်ပေးရန် တောင်းပန်ချိန်မှာ သူ ပြောခဲ့သော စကားများက အခု အလွန် ရယ်ဖွယ်သာ ဖြစ်သွားရလေပြီ။ ဒီနေရာမှာ ဂျန်ရှီ ပြသခဲ့သော ဝိညာဉ်ကုစားခြင်းနည်းစနစ်ကို ကျွမ်းကျင်မှုက ဂူလီရှန်အောက် နိမ့်ကျခြင်း မရှိပေ။ တကယ်တော့ ဂျန်ရှီ ပိုင်နိုင်ကျွမ်းကျင်သော အရည်အချင်းဖြင့် ဂူလီရှန်ကို တောင်းပန်ဖို့ သူ့ကို လိုပင် မလိုအပ်တော့ချေ။

လီဇီမု အားအင်မှန်သမျှ ကုန်ဆုံးသွားလေ၏။ သူ တွဲလောင်း ကျသွားသည်။ ဟွာယောင်းနှင့် ကျောက်ချူတို့ ကိုင်ထားသလိုသာ နေနိုင်တော့သည်။ သူ့မျက်လုံးများက ညှိုးရော်သွားလေ၏။

သူ လိုချင်တာကို အရယူနိုင်ဖို့ အရာရာကို သူ စတေးခဲ့သည်။ သို့သော် သည်တစ်ချိန်လုံး သူ ပိုင်ဆိုင်သည်ဟု ထင်ထားသမျှ အရာအားလုံးကို ဂျန်ရှီ ပိုင်ဆိုင်ထားတာသာ ဖြစ်တော့သည်။ ဖြစ်နိုင်သမျှ မည်သည့်နည်းလမ်းဖြင့်မဆို ဂျန်ရှီအား ချေမှုန်းဖို့ သူ ကြိုးစားချိန်မှာ ဂျန်ရှီက သူ့ထက် အဆမတန် သန်မာနေသဖြင့် သူသာ လူပျက်ဖြစ်သွားရတာကို သူကိုယ်တိုင် သိရှိလိုက်ရသည်။

ဘာ့ကြောင့် သူက ဝိညာဉ်ကုစားဌာနကို တမ်းတမ်းစွဲ ဖြစ်ခဲ့ရသနည်း။ ဝိညာဉ်ကုစားဌာနသို့ သူကိုယ်တိုင် ဝင်ခွင့်ရခဲ့သည်က ဘာလုပ်ရမှာတဲ့နည်း။ သူကား ဝိညာဉ်ကုစားခြင်းနည်းစနစ်အား အသုံးပြုပုံကို လုံးလုံး မသိသော အမှိုက်ကောင်သာ ဖြစ်ချေ၏။

သူ့အား ဖားယား မြှောက်ပင့်နေခဲ့သော ထိုအသံများက သူ့ခေါင်းထဲ ထိုခဏမှာ တန်းစီ ဝင်ရောက်လာသည်။ ၎င်းအသံများမှာ လီဇီမု လွန်စွာ သာယာခဲ့သည်။ သူ အလွန် သွေးကြီးခဲ့သည်။ အခု သူ ရှက်လွန်းသဖြင့် ခေါင်းငိုက်စိုက်ကျသွားရလေပြီ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now