၇၄၆။ နောက်ဆက်တွဲ (၂)

279 42 0
                                    

၇၄၆။ နောက်ဆက်တွဲ (၂)

ဂူလီရှန်သည်လည်း ဝိညာဉ်ကုစားဌာနတပည့်များကို ပြန်ခေါ်လာခဲ့သည်။ လတ်တလော ကြုံခဲ့ရသည့် ကပ်‌ဘေးကြောင့် လေညင်းကျောင်းတော် သားများအားလုံး ယဉ်ကျေးသိမ်မွေ့လာကြပြီး ရိုရိုကျိုးကျိုး ရှိလာကြသည်။ ထိုနေ့က အဖြစ်အပျက်လိုမျိုး မည်သူမျှ နောက်ထပ် ရင်မဆိုင်ဝံ့ကြချေ။ သူတို့အားလုံး နေ့စဉ်နှင့် အမျှ စကားနားထောင်လာကြသဖြင့် ဟွာယောင်းက အတော်လေး သက်သာသွားရသည်။

ဂျန်ဝုရှီက လော့မဲ့မဲ့ကို ဝါးတောအုပ်လေးသို့ ပြန်ယူ၍ ကြည့်ရှူစောင့်ရှောက်ပေးသည်။ သူမက ဖန်ဂျင်နှင့် လော့မဲ့မဲ့ကို နေ့စဉ် ကုသပေးလျက် အချန်ကို ကုန်ဆုံးစေသည်။ ဂျန်ဝုယောင်းက ဒီတစ်ကြိမ် မည်သည့် နေရာသို့မျှ မသွားတော့ပေ။ နေ့တိုင်း ဘေးတစ်ဖက်မှာ ထိုင်၍ ထိုထိုဤဤ အလုပ်ရှုပ်နေသော ဂျန်ဝုရှီကို ပြုံးလျက်သာ ကြည့်နေသည်။

သို့သော် ယဲ့ရှနှင့် ယဲ့မေ့အတွက်ကား ခက်ခဲသော အချိန်ဖြစ်သည်။ မေ့မြောနေသော ဖန်ဂျင်မှ လွဲ၍ မည်သည့် ယောက်ျားသားကို မဆို ဝါးတောအုပ်သို့ ဝင်ခွင့်မပြုပေ။ ထို့ကြောင့် နေ့စဉ် သန့်ရှင်းရေး ချက်ပြုတ်ရေး တာဝန်က သူတို့ထံ ကျရောက်လာသည်။ သူတို့၏ အတိတ်မှ သူရဲကောင်းပီသစွာ အောင်မြင်ခြင်းကို ပြန်လည် အောက်မေ့မိလျှင်, အိုးခွက်ပန်းကန်များနှင့် ရင်ဆိုင်နေရသော သူတို့အဖို့ မျက်ရည်မကျအောင် မနည်းထိန်းထားရသည်။ သူတို့က ညစ်ပတ်နေသော ပန်းကန်ခွက်ယောက်များကိုပင် ဆေးကြောနေရသည် မဟုတ်လော။

ဖန်ဇိုက အာ့ဂျန်ကို လေညင်းကျောင်းတော်သို့ ပြန်ခေါ်သည်။ သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာအများစုက ပြန်ကောင်းသွားလေပြီ။ စိတ်ဒဏ်ရာက ကျန်ရစ်သေးသည်။ သို့သော် အာ့ဂျန်က ပုံမှန်မဟုတ်စွာ တည်တည်ငြိမ်ငြိမ်ဖြင့် တိတ်ဆိတ်စွာသာ နေတတ်သူ အဖြစ် ပြောင်းလဲသွားလေ၏။

ဖေးယန်က လေညင်းကျောင်းတော်မှ ခဏတဖြုတ် ထွက်ခွာသွားသည်။ ရန်တိုင်းပြည်နှင့် ပတ်သက်သော သတင်း အချက်အလက်များကို စုဆောင်းရန် ဖြစ်သည်။ သူတို့က ရန်တိုင်းပြည်သို့ မဆိုင်းမတွ ချီတက်နိုင်ရန် ပြင်ဆင်နေကြသည်။ ဖန်ဂျင် သတိပြန်လည်လာသည်နှင့် သူတို့အားလုံး မြေပုံ အရှာထွက်ရတော့မည်။ သူတို့က မကြာခင်မှာပင် မြေပုံကို ပြည့်စုံအောင် စုဆောင်းရလိမ့်မည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now