၆၈၁။ မိုးကောင်းကင်အဆုံး ချောက်နက်မှ ပြန်ထွက်ခြင်း (၆)

270 39 0
                                    

၆၈၁။ မိုးကောင်းကင်အဆုံး ချောက်နက်မှ ပြန်ထွက်ခြင်း (၆)

ကျောက်ချူတို့က ထိုမျှ‌လောက် ကံမကောင်းကြချေ။ သူတို့ တစ်ယောက်ချင်းစီ စုစည်းကြရသည်။ သူတို့၏ ဒဏ်ရာများကို တည်ငြိမ်သွားအောင် ဆေးလုံးများကို သုံးရုံမျှသာ သုံးခဲ့ကြသည်။ ရှာဖွေရေးကို ဆက်လက်လုပ်ဆောင်ဖို့ သူတို့၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များကို တရွတ်ဆွဲလာခဲ့ကြရသည်။ သူတို့ခန္ဓာကိုယ်များ လဲပြိုကျသွားသင့်သည်။ သို့သော် သူတို့က ရဲရင့်သော သူရဲကောင်းများ ဖြစ်ကြပြီး ပျောက်ရှနေသော သူတို့ အပေါင်းအသင်းအတွက် စိုးရိမ်ပူပန်ခြင်းသက်သက်သာ နက်နက်ရှိုင်းရှိုင်း ရှိနေခဲ့ကြသည်။

ဂျန်ဝုရှီက စကားတစ်လုံးမျှ မပြောဘဲ သူ့အပေါင်းအသင်းများ၏ အခြေအနေကို စစ်ဆေးလိုက်သည်။ သူတို့မှာ ပြင်းထန်သော ဒဏ်ရာများ မရှိသဖြင့် သူမ စိတ်သက်သာသွားသည်။ သူတို့ ကောင်းကောင်းမွန်မွန် ပြည့်ပြည့်ဝဝ အနားယူလိုက်လျှင် အဆင်ပြေသွားကြလိမ့်မည်။

ငါတို့ ဒီချောက်နက်မှာ ဆက်နေလို့ အဆင်မပြေတော့ဘူး၊ ငါတို့ ပြန်သွားသင့်ပြီ ဖန်ဇိုက သူ့လက်မောင်းကို ပတ်တီးစည်းပေးသော ဂျန်ဝုရှီကို ကြည့်လျက် ပြောသည်။

သူတို့၏ ဒီချောက်နက် ခရီးစဉ်မှာ မရေရာမသေချာသော အန္တရာယ်များ ပြည့်နှက်နေတာကို သူတို့ သတိပြုမိကြသည်။ မြေပုံ အပြည့်အစုံ မပါဘဲ အမှောင်ဘုရင်ကြီး၏ အုတ်ဂူတည်နေရာ အတိအကျကို မမြင်မစမ်း မြူထဲမှာ ရှာဖွေခြင်းက မဖြစ်နိုင်သလောက်ပင်။

အရင်တုန်းက သူတို့ မိဘများ အမှောင်ဘုရင်ကြီး၏ အုတ်ဂူကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ သူတို့က ချောက်နက်ထဲသို့ တစ်ကိုယ်တည်း လာခဲ့ကြသည် မဟုတ်ပေ။ သူတို့မှာ အပေါင်းအသင်းများ ပါလာကြသည်။ မတူကွဲပြားသော နန်းတော်အသီးသီးမှာ လာရောက်ကြသူ ရှစ်ယောက် ဖြစ်သည်။ ၇ယောက်က တစ်ပေါင်းတည်း ရှိနေကြသည်။ သို့သော် အဆုံးသတ်တွင် အုတ်ဂူကို ရှာဖွေ တွေ့ရှိခဲ့ကြတာက အရေအတွက် ရှစ်ယောက် ဖြစ်သွားသည်။

ရှာဖွေရေးအတွက် နန်းတော်ဆယ့်နှစ်ခု၏ အရွေးချယ်များအနေဖြင့် သူတို့အားလုံးက ထိပ်တန်းအဆင့် သိုင်းသမားများ ဖြစ်ကြသည်။ နန်းတော်ဆယ့်နှစ်ခုက သူတို့၏ အကောင်းတကာ့ အကောင်းဆုံး လူများကို ရွေးချယ်စေလွှတ်ချိန်မှာတောင်, သူတို့ စေလွှတ်ခဲ့သော အရေးအပါဆုံး လူများပင် အသက်ရှင်သန် ကျန်ရစ်သူ မရှိခဲ့ကြချေ။ မတူကွဲပြားသော နန်းတော်များမှ ထိုလူရှစ်ယောက်မှ လွဲ၍ အုတ်ဂူသို့ ရောက်ရှိသူများ မရှိခဲ့ကြချေ။ နန်းတော်ငါးခုမှ အုပ်စုများ အကုန်လုံး လုံးဝ အမြစ်ပြုတ်သွားခဲ့ကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now