၆၇၄။ ကျောက်တုံးအိမ် (၂)

321 33 1
                                    

၆၇၄။ ကျောက်တုံးအိမ် (၂)

ဒီအမှတ်အသားတွေကို ဒီကျောက်တုံးအိမ် ပိုင်ရှင် ချန်ထားခဲ့တာလား ဂျန်ဝုရှီက ခေါင်းငုံ့တွေး၍ သူမဘာသာ ပြန်မေးသည်။ ထို့နောက် သူမနေရာမှ လက်လှမ်းမီသော ကျောက်အုတ်များကို ဆက်လက်၍ စစ်ဆေးသည်။ သူမက တခြားကျောက်တုံးအပိုင်းအစများကိုလည်း ဖုန်များ ဖယ်ရှားလိုက်သည်။ ၎င်းကျောက်တုံးအုတ်များမှာလည်း နည်းတူ အမှတ်အသားများ ရှိနေသည်။ အုပ်စုတစ်ခုမှာ အဓိက ကျောက်အုတ်ငါးခုစီ ရှိနေသည်။

အနက်လေး ဂျန်ဝုရှီက ရုတ်တရက် ခေါ်လိုက်သည်။

အနက်ရောင်သားရဲကြီးက ချက်ချင်း ထလာသည်။

အဲအပေါ်က ‌ကျောက်တုံးအုတ်တွေမှာ အမှတ်အသားတွေ ရှိလား သွား ကြည့်ချေ။ ထိုအမှတ်အသားများမှ ဂျန်ဝုရှီ ခန့်မှန်းမိတာက ကျောက်တုံးအိမ်ပိုင်ရှင်က သူ့အချိန်ကို မှတ်တမ်းတင်ထားခဲ့ခြင်းဟူ၍ ဖြစ်သည်။ ၎င်းအမှတ်များက အချိန်မှတ်တမ်းဖြစ်လျှင် ထိုလူက ဒီနေရာမှာ နှစ်အတော်များစွာ နေထိုင်ခဲ့သည်ဟူ၍ ဆိုလိုသည်။

ထိုသို့ဆိုလျှင် ကျောက်တုံးအိမ်ပိုင်ရှင်က တစ်ယောက်တည်း နေထိုင်ခဲ့ရတာ ဖြစ်ရမည်။ သို့မဟုတ်ပါက ဒီလောက်များပြားသော အမှတ်အသားများကို ရေးထွင်းထားခဲ့မည် မဟုတ်ပေ။

သူ ဒီနေရာမှာ ထောင်ချောက်မိသွားတာလား၊ သို့မဟုတ် သူ့မှာ တခြားရည်ရွယ်ချက် တစ်ချို့ ရှိနေလို့လား။

အချိန်အတော်ကြာသွားသည့်တိုင်အောင် သူမ မြင်ထားသော သဲလွန်စများမှ တိကျသော အကြောင်းပြချက်ကို သူမ သေချာ မခန့်မှန်းနိုင်သေးပေ။

အနက်ရောင်သားရဲကြီးက အခန်းကို ပတ်ကြည့်လိုက်သည်။ သူ၏ အမွှေးထူ အမြီးကို အသုံးပြုပြီး ကျောက်တုံးနံရံတွင် ကပ်ညိနေသော ဖုန်များကို ဖယ်ရှားပစ်သည်။ သူက ကျောက်တုံးအုတ်များကို တစ်ခုချင်းစီ အသေးစိတ် ကြည့်ရှုပြီးနောက် ဂျန်ဝုရှီသို့ လှည့်ကာ ပြောသည် ဒီမှာ ထူးဆန်းတဲ့ သင်္ကေတတွေရှိတယ်, စာလုံးတစ်ချို့လည်း ရှိနေတယ်။

စာလုံးတွေလား ဂျန်ဝုရှီက မျက်ခုံးတစ်ဖက် ပင့်၍ မေးသည်။

အင်း အနက်ရောင်သားရဲကြီးက ခေါင်းညိတ်ပြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now