၂၆၅။ "တိမ်ဖုံးတောင်ထွတ် - ၁"

831 75 0
                                    

၂၆၅။ “တိမ်ဖုံးတောင်ထွတ် - ၁”

ခဲချန်ဂျုက မုချန်ကို နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်ပြီး ဂျန်ဝုရှီကို ကြည့်လိုက်သည်။ ဂျန်ဝုရှီ၏ မျက်နှာမှာ ပျော်သည့် အရိပ်အယောင်ကို သူ မမြင်ရပေ။ သို့သော် မလိုလားဟန်ကိုတော့ မြင်လိုက်ရသည်။

“ကလေး, တိမ်ဖုံးတောင်ထွတ်ကို ဝင်ရောက်ဖို့ လက်ခံလိုက်တာ မင်းအတွက် ဂုဏ်ယူစရာပဲ၊ တကယ်လို့ မင်းက ငြင်းဆိုမယ်ဆိုရင်, အခုချက်ချင်း တိမ်ထူ တောင်ထွတ်တွေကနေ လစ်လိုက်တော့။”

လုလည်း ယူသေးသည်။ ခြိမ်းခြောက်လည်း ခြိမ်းခြောက်လိုက်သေးသည်။ ခဲချန်ဂျု၏ နည်းလမ်းများက တရားနည်းလမ်းမကျ စိုးမိုးခြယ်လှယ်လွန်းသည်။ မုချန်၏ မျက်နှာက ဒေါသကြောင့် မည်းမှောင်လို့ နေသည်။ တခြားအကြီးအကဲများသည်လည်း ခဲချန်ဂျု၏ နည်းလမ်းကို သဘောမတူကြချေ။ သို့သော် သူတို့က တိတ်တိတ်လေးသာ နေကြသည်။ ချင်ယွဲ့ကိုယ်တိုင် မသိချင်ယောင် ဆောင်ထားမှတော့ တခြားအကြီးအကဲများက ဘာများ တတ်နိုင်ကြမည်နည်း။

မုချန်မျက်စိအောက်မှာပင် သူလိုချင်သည့် တပည့်ကို ဖြတ်လုသွားတာကို မပြောနှင့်, ဂျန်ရှီကို အခုချက်ချင်း မသန်မစွမ်း ဖြစ်သွားအောင် လုပ်လိုက်လျှင်ပင်, ချင်းယန်ကလန်က ခဲချန်ဂျုကို နှိပ်ကွပ်နိုင်မည် မဟုတ်ပေ။

ဂျန်ဝုရှီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကြပြီး ရုပ်ဆိုးသော ခဲချန်ဂျုကို အေးစက်စက် ကြည့်လိုက်သည်။ ရုတ်တရက် သူ့အင်္ကျီလက်စကို ဆောင့်ဆွဲတာ ခံလိုက်ရပြီး ကျောက်ချူက သူမနားမှာ တီးတိုး ပြောသည် “ဂျန်ရှီ, ဘာမျှ အလျင်စလို မလုပ်နဲ့၊ မင်းက ချင်းယန်ကလန်ထဲ ဝင်ဖို့သာ အရေးကြီးတာမို့လား၊ တိမ်လှေခါးတောင်ထွတ်ဖြစ်ဖြစ်, တိမ်ဖုံးတောင်ထွတ်ဖြစ်ဖြစ်, အရေးမပါဘူး, ဟုတ်တယ်မို့လား။”

ကျောက်ချူက စိုးရိမ်ဟန် ပါနေသည်။ ဂျန်ဝုရှီ၏ ဆေးပညာစွမ်းရည်ကို သူ ကောင်းကောင်း သိသည်။ ချင်းယန်ကလန်မှာ သူ့အနေဖြင့် သင်စရာ ဘာမျှ မရှိချေ။ နောက်ကွယ်မှ အကြောင်းတရားကြောင့်သာ ချင်းယန်ကလန်သို့ ဝင်ရောက်ခြင်းဖြစ်တာကို သူ နားလည်ထားသည်။ ထို့ကြောင့် ခဲချန်ဂျုကို ငြင်းဆိုလိုက်ပြီး ပြဿနာဖန်တီးမည့်အစား ဘာလို့ လောလောဆယ် မလိုက်လျောရမည်နည်း။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now