၂၉၇။ "လိမ္မော်ရောင် ဝိညာဉ်စွမ်းအား - ၁"

794 69 7
                                    

၂၉၇။ “လိမ္မော်ရောင် ဝိညာဉ်စွမ်းအား - ၁”

တိမ်ဖုံးတောင်ထွတ်သို့ ဂျန်ဝုရှီ ရောက်ရှိပြီး ဒုတိယနေ့တွင် သူမနှင့် ကျောက်ချူက တိမ်ဖုံးတောင်ထွတ်တပည့်ဝတ်စုံကို လှဲလှယ်ဝတ်ဆင်ကြသည်။ သံသယဝင်မှာကို မလိုလားလို့ သူတို့ နှစ်ယောက်လုံး တပည့်များအတွက် နေရာဌာနသို့ ပြန်လာခဲ့ကြသည်။

ဝန်းအတွင်း သူတို့ ပေါ်ထွက်လာလျှင်, တိမ်ဖုံးတောင်ထွတ် တပည့်များအတွက်သာ သီးသန့်ဖြစ်သည့် ဝတ်စုံအသစ် သူတို့ ဝတ်ဆင်ထားတာကို တွေ့ကြရ၍ နှစ်ရက်လုံးလုံး ပင်ပန်းခဲ့ရသည့် တခြားလူငယ်များ၏ မျက်လုံးများက သူတို့ ခေါင်းမှ ပေါက်ထွက်မတတ် ဖြစ်ကုန်ကြသည်။

သူတို့ နှစ်ယောက်က ပထမနေ့မှာတင် အပျင်းထူနေကြပြီး အလုပ် ရှောင်သွားကြသည်။ သူတို့က ပင်ပန်းကာ အားကုန်ခန်းနေသည့် ခန္ဓာကိုယ်များကို တရွတ်ဆွဲ၍ ပြန်လာကြလျှင်, ထိုလူယုတ်မာ နှစ်ကောင်က ရုတ်တရက် ပြန်ပေါ်လာကြသည်။ ဒုတိယနေ့ မနက်ခင်းတွင်, သူတို့က လုံးဝအားကုန်နေပါလျက် ဆေးဖက်ဝင်အပင်များကို ရေလောင်းရန် အားတင်းနေကြစဉ်, သူတို့နှစ်ကောင်က ပိုမို၍ ပြုပြင်မရအောင် ဖြစ်လာကြသည်။

သူတို့က မျက်စိပိတ်ပြီး မေ့လဲချင်ယောင် ဆောင်လိုက်ကြသည်။

သူတို့ကို နောက်ပိုင်းတွင် ဆေးကုသမှုခံယူရန် အကြီးအကဲ ခဲထံ ပို့ဆောင်လိုက်ကြသည်။

နောက်တစ်နေ့ ရောက်တော့ သူတို့ ပြန်လာကြသည်။

ဒါ့ပြင်...

သူတို့က လက်ခံပြီးသား တပည့်များအတွက် သီးသန့်ဝတ်စုံကိုပင် ကြော့ကြော့မော့မော့ ဝတ်ဆင်လာခဲ့ကြသေးသည်။ သူတို့က နေကောင်းထိုင်သာ ဖြစ်နေကြပြီး ပန်းရောင်များပင် သန်းနေကြသည်။

“ဘယ်လောက်တောင် စောက်ကြီးစောက်ကျယ်နိုင်လိုက်သလဲ၊ ဘယ်ကနေ သူတို့ ဒီအဝတ်တွေကို ရရှိလာခဲ့ကြတာလဲ” လူငယ်များအားလုံးက ပင်ပန်းကာ ကုန်းကွနေကြရင်း သက်သာနေသည့် ဂျန်ဝုရှီနှင့် ကျောက်ချူကို ဒေါသတကြီး စူးစူးရဲရဲ ကြည့်နေကြသည်။ သူတို့ မျက်လုံးများက သူတို့ ဝတ်စုံကို ထွင်းဖောက်မလို ဖြစ်နေကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now