၇၇၈။ ညစာစားပွဲ (၅)

193 29 0
                                    

၇၇၈။ ညစာစားပွဲ (၅)

တခြားကျောင်းတော်များမှ ကျောင်းသားတစ်ယောက်တလေပင် လေ့ချန်ကို အပြစ်မတင်ရဲကြချေ။ ထို့ကြောင့် လေ့ချန်၏ အထူးဂရုစိုက်ခြင်းကို ခံယူရရှိသော ဂျန်ဝုရှီအပေါ် သူတို့၏ မလိုမုန်းတီးခြင်းက ကျေရောက်သွားရသည်။

မင်းက အရမ်း ငယ်သေးတယ်ဆိုရင်, လိပ်ပြာတိုက်ပွဲကို မလာနဲ့ပေါ့၊ ငါတို့က အပျင်းပြေ ဆော့ကစားနေတာမှ မဟုတ်တာ လေ့ယွမ်က အကြည့်လွှဲ၍ ပြောသည်။ သူက လှောင်‌ပြောင်ပြီး ချက်ချင်းပင် ခွင့်တောင်း၍ ညစာစားပွဲမှ ထွက်လာသည်။ သူက ဂျန်ဝုရှီ နောက်သို့ လိုက်ပါသွားသော နဂါးသတ်ကျောင်းတော်မှ တပည့်များနောက်သို့ လိုက်ပါသွားသည်။ ပွဲကောင်းကောင်း ကြည့်ရတော့မည်ဆိုတာ သူ သိသည်။ သူ မည်သို့ နောက်ကျနေနိုင်အံ့နည်း။

လေ့ချန်က ထွက်ခွာသွားသော လေ့ယွမ်ကို ကြည့်လိုက်သည်။ သူ့မျက်နှာမှာ နူးညံ့သော အပြုံးက ရှိနေဆဲပင်။ သို့သော် သူ့မျက်လုံးများမှာတော့ ရက်ရက်စက်စက် အနိုင်ပိုင်လိုခြင်းဖြင့် ရောစွက်နေလေ၏။

(ဉာဏ်ကောင်းပြီး ကြံရည်ဖန်ရည်ရှိတဲ့ လူဆိုတာ သူ့လက်တွေ ညစ်ပတ်နေစရာမှ မလိုတာ၊ သူ့လိုအင်ဆန္ဒ ပြည့်ဝဖို့ တခြား နည်းလမ်းတွေ သူ့ဆီမှာ အများကြီးမှ အများကြီးပေါ့။)

=======

လေ့ချန်၏ တရားဝင် နေထိုင်သော နန်းဆောင်က ကုန်းမြေတစ်ခွင်တွင် အကြီးဆုံးဖြစ်သော ရန်တိုင်းပြည်၏ အိမ်ရှေ့စံဟူသော ဂုဏ်ပုဒ်နှင့် ညီညွတ်ပေသည်။ ရှေ့ဘက်အခြမ်းမှ စ၍ နောက်ဘက်အခြမ်းအထိ သီးသန့်ပိုင်းခြားထားသော ဝန်းလေးခုရှိသည်။ ၎င်းဝန်းများတွင် နန်းဆောင်များ အသီးအသီး ရှိနေကြသည်။ လမင်း၏ ငွေမှင်ရောင်အောက်တွင် ရေကန်လေးများက လှိုင်းတွန့်လေးများဖြင့် တလက်လက် ဖြစ်နေသည်။ ကျောက်တုံးဥယျာဉ်မှာ သဘာဝကျောက်တုံးများဖြင့် ပြည့်နှက်နေသည်။ စိမ်းညို့ညို့ မြက်ခင်းများက တမျိုးတဖုံ လှပနေသည်။ မီးတိုင်များက ခပ်ဖျော့ဖျော့ လရောင်အောက်တွင် တင့်တယ်စွာ တန်းစီနေသည်။ ၎င်းမြင်ကွင်းက မျက်စိပသာဒဖြစ်သော ပန်းချီကားချပ်လို ဖြစ်သည်။ မည်သည့် ဘက်ကနေ ကြည့်ကြည့် အိမ်ရှေ့စံ နန်းဆောင်၏ ကြီးကျယ်ခမ်းနားခြင်းကို ဦးစားပေးထားသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now