၃၁၀။ "အကြောက်တရား ပျံ့နှံ့ခြင်း - ၁"

1K 75 2
                                    

၃၁၀။ “အကြောက်တရား ပျံ့နှံ့ခြင်း - ၁”

ချင်ယုယန် သေပြီဆိုသည့် သတင်းကို ရလျှင်ရခြင်း, ချင်ယွဲ့က မထိန်းနိုင်မသိမ်းနိုင် ဒေါသထွက်ခဲ့သည်။ သူက ဂျန်မိသားစုနှင့် ချီဘုရင့်မိသားစုအပေါ် တစ်ထပ်တည်း ကြမ်းတမ်းရက်စက်စွာ လက်တုံ့ပြန်ဖို့ မစောင့်ဆိုင်းနိုင်တော့ပေ။ သူ့သမီးအား သတ်ဖြတ်သူများအား သူ့အိပ်မက်ထဲမှာပင် မမက်ဖူးသည့် နှိပ်စက်ခြင်းမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်လိုခဲ့သည်။

သူ့အတွက် ဝမ်းနည်းစရာက... သူ့အိပ်မက်များက ဂျန်ဝုရှီကြောင့်ပင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ပေ။ ဂျန်ဝုရှီက သူ့သမီးသေဆုံးခြင်းမှာ တာဝန်ခံရမည့်သူဖြစ်ပြီး ချင်းယန်ကလန်အတွင်းသို့ ရောက်ရှိနေကာ, သူလက်တုံ့ပြန်မည့် စီမံကိန်းစကားဟူသမျှကို အကုန် နားထောင်သွားခဲ့လေပြီ။

ချင်ယွဲ့က ဂျန်မိသားစုကို အမြစ်ပြတ် သုတ်သင်ပစ်ချင်သည်။ ထို့အတူ ဂျန်ဝုရှီကလည်း ချင်းယန်ကလန်တစ်ခုလုံးကို မြေမြှုပ်ပစ်ချင်သည်။

တစ်ယောက်က ပုန်းအောင်းနေပြီး တခြားတစ်ယောက်က သူ့ကစားကွက်မှန်သမျှကို ရန်သူမြင်အောင် နက်ရှိုင်းသည့် တိမ်ထူတောင်ထွတ် များကြားတွင် ဖော်ထုတ်ပြသသွားခဲ့သည်။

ချင်းယန်ကလန်၏ အင်အားက ဂျန်ဝုရှီ အနည်းငယ်မျှ အမှားအယွင်းအဖြစ်ခံလို့ မရသည့် အနေအထားဖြစ်သည်။ သူမသာ ချင်းယန်ကလန်ကို လုံးဝ ပျက်သုန်းစေခြင်းမှာ ကျရှုံးသွားခဲ့လျှင်, ဂျန်မိသားစု ပျက်သုန်းခြင်းက  မလွဲမသွေ ဖြစ်လာမှာ ဖြစ်သည်။

တပည့်များ၏ နေရာဌာနသို့ ပြန်လာလျက်, ကြောင်နက်လေးက ကျောက်ချူ မျက်လုံးပြုး ကြည့်နေသည့် အောက်မှာပင် သူ့အခန်းတွင်းသို့ ဝင်ရောက်သွားသည်။ ထို့နောက် ကြောင်နက်လေးနှင့် သူမ၏ မူရင်းခန္ဓာကိုယ်ကို ပြန်လည် ဝိညာဉ် ကူးပြောင်းလိုက်သည်။

သူမကိုယ်ပိုင် ခန္ဓာကိုယ်သို့ ပြန်လည် ဝင်ရောက်ပြီး ဂျန်ဝုရှီက ဖြည်းဖြည်းချင်း ထလိုက်သည်။ သူမ မျက်လုံးများက အမူအရာ ကင်းမဲ့နေသည်။ ကြောင်နက်လေးက သူမ ပေါင်ပေါ်တွင် လှဲနေသည်။ သူက အနည်းငယ် ပင်ပန်းနေသလို ခံစားနေရသည်။ သူ၏ သေးငယ်သည့် ဝိညာဉ်က ဂျန်ဝုရှီ၏ ကြီးမားသည့် ခန္ဓာကိုယ်ကို ထိန်းထားဖို့ အင်အားများစွာ စိုက်ထုတ်ခဲ့ရသည်။

ပါရမီရှင်သမားတော်(၂)Wo Geschichten leben. Entdecke jetzt