၆၉၂။ နောက်တစ်ကြိမ် တွေ့ခြင်း (၄)

305 31 0
                                    

၆၉၂။ နောက်တစ်ကြိမ် တွေ့ခြင်း (၄)

လေညင်းကျောင်းတော်တွင် နန်းတော်ဆယ့်နှစ်ခုမှ လူ ပေါ်ထွက်လာပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် တစ်ချိန်တည်းမှာ ဖန်ချီ ရုတ်တရက် သေဆုံးသွားခဲ့သည်။ ထိုရှူထောင့်များအရ နင်ရူအကောက်ကြံလို့ ဖန်ချီ သေသည်ဟူ၍သာ ရိုးရိုးစင်းစင်း စဉ်းစားလို့ မရတော့ပေ။ နန်းတော်ဆယ့်နှစ်ခုက သူတို့ကိုယ်တိုင်လည်း ပါဝင်ပတ်သတ်လာတာ ဖြစ်ရမည်။

နင်ရူက သူ့ ရွှေ့ကွက်ကို ဒီလောက် ရုတ်ချည်း ဆောင်ရွက်လာတာက အနည်းငယ် အံ့အားသင့်စရာတော့ ကောင်းနေသည်။

ဂျန်ဝုရှီက စကားတစ်လုံးမျှ မပြောတော့ဘဲ ထွက်လာခဲ့သည်။ သို့သော် သူမစိတ်ထဲမှ ရှေ့ရှိ ဖြစ်ပျက်သမျှ အရာရာကို ညှိနှိုင်း တိုက်ဆိုင်၍ စစ်ဆေးနေခဲ့သည်။

ဂုယင် ဒီနေရာမှာ ပေါ်ထွက်လာခြင်းက မျှော်လင့်မထားသော အရာဖြစ်သည်။ ထို့ပြင် သူ အမှတ်မဲ့ သဲလွန်စများကို ပေါက်ကြားစေခဲ့သည်။ သူ ဒီလာပြီး သူ့ကိုယ်သူ ထုတ်ဖော်ပြသခဲ့သည်။ အကြောင်းပြချက်က သူမက သူ့အကိုကြီးဟု ပြောချင်လို့ ဖြစ်သည်။ ၎င်းအကြောင်းပြချက်က ရယ်စရာကောင်းလွန်းသည်။ သူ၏ တကယ့် ရည်ရွယ်ချက် အစစ်အမှန်က သူ့အား ဝိညာဉ်ကုစားခြင်း နည်းစနစ်ကို သင်ပေးစေလိုခြင်းသာ ဖြစ်သည်။

ဝိညာဉ်ကုစားခြင်း နည်းစနစ်ကို မူရင်း တီထွင်ထားသူက ဂူလီရှန် ဖြစ်သည်။ အလယ်ဘုံတွင် ၎င်းနည်းစနစ်ကို သိနားလည်သူ တစ်ယောက်မျှ မရှိပေ။ ၎င်းနည်းစနစ်၏ စွမ်းအားက အလယ်ဘုံရှိ အင်အားစုများကို တဖြည်းဖြည်း လှုံ့ဆော်ပေးလိမ့်မယ်။ ဂျန်ဝုရှီက ၎င်းနည်းစနစ်ကို တိုးတက်တီထွင်ပြီးနောက် သူမက ရုတ်တရက် ဂုယင်၏ ပစ်မှတ် ဖြစ်သွားရသည်။

လေညင်းကျောင်းတော်က လက်ရှိမှာ ပြဿနာများ ပေါင်းစုပြီး ပရမ်းပတာ ဖြစ်နေသည်။

ဂျန်ဝုရှီက ကိုယ့်ဘာသာ စိတ်ထဲမှ ရယ်သွမ်းသွေးမိသည်။

(ဒါက လေညင်းကျောင်းတော်ရဲ့ ကံကြမ္မာကို ကစားနေကြတာပဲ၊ အနိုင်ရသူက အဆုံးအဖြတ် ပေးသွားမှာပဲ။)

ပါရမီရှင်သမားတော်(၂)Where stories live. Discover now