၃၃၀။ "ခြောက်ခုမြောက် ရိုက်ချက် - ၂"

673 50 0
                                    

၃၃၀။ “ခြောက်ခုမြောက် ရိုက်ချက် - ၂”

“မင်း ဘယ်သူလဲ” ချင်ယွဲ့၏ ဒေါသက ကြောက်ရွံ့ခြင်းသို့ ပြောင်းသွားသည်။ ခဲချန်ဂျုက မသိလိုက်မသိဘာသာဖြင့် ဖယ်ရှားခံလိုက်ရပြီး တစ်စုံတစ်ယောက်က လတ်တလော အယောင်ဆောင်ထားခဲ့သည်။ ဒါတွေ အားလုံး ဘယ်တုန်းကတည်းက စတင်ခဲ့သနည်း၊ သည်တစ်ချိန်လုံး သူ မြင်တွေ့ခဲ့ရသူက သူ့ရှေ့မှ သည်လူငယ်က အစားထိုးထားသည့် ခဲချန်ဂျုလော။

ထို့ပြင် ဒီ့မတိုင်ခင် သူက မည်သည့် ကွဲပြားခြားနားချက်ကိုမျှ သတိမပြုမိခဲ့ပေ။

သူက မည်သို့ ဖြစ်သွားမှန်းပင် မသိလိုက်ဘဲ သည်အခြေအနေကို မဆုပ်ကိုင်ထားနိုင် ဖြစ်သွားခဲ့သည်မို့ သူ့ကြောက်ရွံ့ခြင်းက ပိုမို ပြင်းထန်သွားသည်။

“ကျုပ်တို့ ဒီမှာ ခင်ဗျားအသက်ကို ယူမလို့ပဲ။” ဂျန်ဝုရှီက ချင်ယွဲ့ကို စူးစိုက်ကြည့်သည်။ သူ့မျက်နှာ အမူအရာကို သူမက စူးစမ်းကြည့်နေသည်။

ကုန်းမြေတစ်ခုလုံးတွင် ထိပ်တန်းကလန်တစ်ခုဖြစ်သည့် ချင်းယန်ကလန်၏ အဓိပတိ၏ မျက်နှာက ကြောက်ရွံ့ခြင်းကြောင့် တွန့်ရှုံ့နေသည်။ သည်မြင်ကွင်းက တွေ့မြင်ရဖို့ ရှားပါးလွန်းသည်။

ထို့ပြင် သူမ ခိုင်ခိုင်မာမာ ယုံကြည်နေတာက... သည်ကြောက်ရွံ့သည့် အမူအရာက သူ သေသည့်တိုင်အောင် သူ့မျက်နှာပေါ်တွင် တည်ရှိသွားမှာကိုပင် ဖြစ်သည်။

“ရဲတင်းလိုက်တာ... ဒီတစ်ချိန်လုံး... မင်းက ခဲချန်ဂျုလို ဟန်ဆောင်ခဲ့တာလား၊ တခြားတောင်ထွတ်တွေက တပည့်တွေကို သတ်ပစ်တဲ့ အတွက် မင်း လုံးဝ တာဝန်ယူရမယ်” ချင်ယွဲ့က အံကြိတ်၍ ပြောသည်။ သူ့မှာ ဖြစ်နေသည့် ကြောက်ရွံနေခြင်းမှ မျှော်လင့်ချက် အလင်းရောင်က နည်းနည်း လင်းလက်လာသည်။

သည်တစ်ချိန်လုံး ရှိနေတာက ခဲချန်ဂျုလို ဟန်ဆောင်ထားသည့် သည်လူငယ်သာဆိုလျှင်, အပြစ်မှန်သမျှကို ထိုလူငယ်အပေါ် လမ်းကြောင်းပြောင်းပေးနိုင်မည် ဖြစ်သည်။ သူ့အပေါ် အကြီးအကဲများ၏ အမုန်းနှင့် ဒေါသကိုလည်း လမ်းကြောင်းပြောင်းနိုင်မည် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now