၅၈၄။ ရိုက်ချက်များဖြင့် ဖုံးအုပ်ခြင်း-၂

400 41 0
                                    

၅၈၄။ ရိုက်ချက်များဖြင့် ဖုံးအုပ်ခြင်း-၂

လတ်တ‌လော လေညင်းကျောင်းတော်တွင် အဓိကအဖြစ်ကြီး နှစ်ခု ဖြစ်ပွားခဲ့သည်။ ပထမတစ်ခုက လူဝေဂျိုင်က တခြားကျောင်းသားများအုပ်စုနှင့် အတူ နှင်ထုတ်ခံရချိန်မှာ သူ ထွက်မသွားခင် နင်ရှင်းကို ချုပ်ထိန်းမှုမရှိဘဲ တိုက်ရိုက် စွတ်စွဲပြစ်တင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယတစ်ခုက လီဇီမုကို ဂျန်ရှီ သတ်ဖြတ်ပစ်ခြင်းဖြစ်သည်။ ၎င်းက ကောလဟသာ ဖြစ်နေသော်လည်း အများစုက ယုံကြည်ကြသည်။

၎င်းအဖြစ်အပျက်နှစ်ခုက တစ်ခုပြီး တစ်ခု လျင်မြန်စွာ ဆက်တိုက် ဖြစ်လာခဲ့သည်။ ၎င်းအဖြစ်အပျက်နှစ်ခုက ကျောင်းတော်ရှိ ကျောင်းသားများအား အကြီးအကျယ် မွှေနှောက်သွားခဲ့သည်။ အဖြစ်အပျက်နှစ်ခုလုံးမှာ ရောင်းရင်းကျောင်းသားများကို သတ်ဖြတ်ပစ်ခြင်းဟူသည့် ပြစ်မှုဖြင့် ယုတ်မာပက်စက်စွာ စွတ်စွဲပြစ်တင်ထားကြသည်။ ၎င်းဖြစ်ရပ်များကို လူတိုင်း စိတ်ဝင်စားကြသည်။

ကျောင်းတော်မှာ ဂူလီရှန်က အရေးပါအရာရောက်တဲ့လူ၊ သူ့ကို ဘယ်သူမှ မထိရဲကြဘူး၊ သူ လုပ်ချင်တာကို ကျောင်းအုပ်ကြီးတောင် မတားနိုင်ဘူး၊ ဂူလီရှန်ရဲ့ အချစ်ဆုံး တပည့် လျှို့ဝှက်အသတ်ခံလိုက်ရတော့, လက်သည်တရားခံကို အဲလောက် လွယ်လွယ်လေးနဲ့ လွှတ်ပေးမယ်လို့ မင်းတို့ ထင်ကြလား၊ မနေ့က ဂူလီရှန်ဆီ ဂျန်ရှီ သွားခဲ့တယ်၊ သူ့ကို သက်ညှာပေးဖို့ သွား တောင်းပန်ခဲ့တာ နေမှာ၊ သူ ပြန်ထွက်လာတော့ သူ့မျက်နှာ ဖြူရော်နေတာပဲတဲ့၊ ဂျန်ရှီ အငြင်းခံလိုက်ရတာ သံသယဝင်စရာတောင် မလိုတော့ဘူး။

အဲဒါကို စဉ်းစားလိုက်၊ မနေ့က ဂျန်ရှီ ဝိညာဉ်ကုစားဌာနကို သွားခဲ့တယ်၊ ကနေ့ ငါတို့အားလုံး ဒီမှာ ရုတ်တရက် စုရုံးခိုင်းလိုက်တယ်၊ ဒါ တခြား ဘာဖြစ်နိုင်ချေ ရှိတော့မှာမို့၊ ငါထင်တာ ဂူလီရှန် ကနေ့ အဲကိစ္စကို ဖြေရှင်းရလောက်အောင် အဲငတုံးကောင် အရူးက ဂူလီရှန်ကို ဒေါသထွက်အောင် လုပ်ခဲ့တာ နေမယ်၊ သူ့အချစ်ဆုံး တပည့် သေဆုံးသွားတဲ့ အတွက် ကနေ့ ဂူလီရှန် လက်တုံ့ပြန်မှာနဲ့ တူတယ်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now