၆၈၆။ တုန်လှုပ်ဖွယ် အပြောင်းအလဲ (၂)

335 32 0
                                    

၆၈၆။ တုန်လှုပ်ဖွယ် အပြောင်းအလဲ (၂)

ဖန်ချီနှင့် နင်ရူက နှစ်ပေါင်းများစွာ ထမင်းအတူတူ ထိုင်စားလာခဲ့ကြသည်။ နင်ရှင်းက သေဆုံးသွားခဲ့ပြီ။ သူမ မသေခင် ဖန်ဂျင်အား သတ်ဖြတ်ဖို့ သူမ အကောက်ကြံခဲ့တာက ပေါ်ပေါက်သွားခဲ့သည်။ သို့သော်လည်း နင်ရူက သူ့ကိုယ်ကို ကာကွယ်ဖို့ သူ့သမီးကို အသုံးချခံအနေဖြင့် စွန့်လွှတ်ရန် ရွေးချယ်ခဲ့တာ ထိုစဉ်တုန်းက ရှင်းလင်းခဲ့သည်။ ထိုအနေအထားအရ, ဖန်ချီက အပြစ်ရှိသလို ခံစားရမှာ ဖြစ်ပြီး နင်ရူကို သတိဖြင့် စောင့်ကြပ်နေမည် မဟုတ်ပေ။

သူတို့ လေညင်းကျောင်းတော်မှ ထွက်ခွာလာခဲ့တာ မကြာခင်မှာပင် ဖန်ချီက ထိုမျှ ရုတ်တရက်ဆန်စွာ သေဆုံးသွားမည်ဟု ဂျန်ဝုရှီ မမျှော်လင့်ထားခဲ့ပေ။

ဒီကိစ္စကို ဖန်ညီအကိုက လွယ်လင့်တကူ လက်ခံနိုင်စွမ်း ရှိကြမည် မဟုတ်ပေ။

ဂျန်ဝုရှီက ခေါင်းငုံ့၍ ခဏလောက် အခြေအနေကို သုံးသပ်ပြီးနောက် ပြောလာသည် အချိန်မတန်သေးခင် ဖန်ဇိုကို ဒီအကြောင်း မပြောပြနဲ့။

ဟုတ်ကဲ့, သခင်မလေး

ဖန်ဇို ပြန်ရောက်လာချိန်မှာ ယဲ့ရှ ပြန်ထွက်သွားခဲ့လေပြီ။ အစောင့်က စားပွဲအပြည့် ဟင်းလျာများ တည်ခင်းပေးသည်။ ဖန်ဇိုက စားသောက်ဖို့ ဂျန်ဝုရှီအား အပြုံးဖြင့် ခေါ်လိုက်သည်။

ဂျန်ဝုရှီ၏ တည်ငြိမ်အေးဆေးသော အပြုအမူမှ မည်သည့်ထူးခြားချက်ကိုမျှ မမြင်ရချေ။ ထမင်းနှစ်လုပ်လောက် စားပြီးနောက် သူမ ရုတ်တရက် တူများကို ချထားလိုက်သည်။

ငါ လေညင်းကျောင်းတော်ကို ခဏလောက် ပြန်သွားအုံးမယ်။

ဖန်ဇိုက အိပ်ရာပေါ် ပြန်ရောက်သွားသော လော့မဲ့မဲ့ကို တစ်ချက် ငဲ့ကြည့်၍ ‌မရေမရာဖြင့် မေးသည် လော့မဲ့မဲ့ရဲ့ အခြေအနေက ခရီးထွက်လို့ ရအောင် သန်မာသွားပြီလား။

ဂျန်ဝုရှီ ခေါင်းယမ်းပြသည်။ လော့မဲ့မဲ့ရဲ့ အခြေအနေကို ကူညီပေးမဲ့ဟာကို ဝါးတောအုပ်လေးမှာ ငါ ပြန်ယူမလို့၊ ခုလောလောဆယ် လော့မဲ့မဲ့ မလှုပ်ရှားနိုင်သေးဘူး၊ တကယ်တော့ ငါ့အစား လော့မဲ့မဲ့ကို ကူညီစောင့်ရှောက်ပေးဖို့ နင် ဒီမှာ ကျန်ခဲ့ဖို့ လိုတယ်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now