၇၂၆။ ရှစ်ခုမြောက် ရိုက်ချက် (၇)

241 34 1
                                    

၇၂၆။ ရှစ်ခုမြောက် ရိုက်ချက် (၇)

ဖန်ဇိုက ဂုန်ချန်းလီအား တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ့အစားအစာထဲ တစ်ယောက်ယောက်က ‌ဆေးခတ်ထားကြောင်း ဂျန်ဝုရှီက ရှေးဦးစွာ ရှာဖွေတွေ့ရှိတုန်းက, သူ့အကိုကြီးနှင့် သူ နှစ်ယောက်လုံးက တစ်ခုခု ထူးဆန်းကြောင်း ခံစားမိကြသည်။ သို့သော် သူတို့ မည်သူမျှ ဂုန်ချန်းလီအား သံသယ မဝင်ခဲ့ကြချေ။ ဂုန်ချန်းလီ၏ အသက်ကို ဖန်ချီက ကယ်တင်ပေးထားခဲ့သဖြင့် သူက ကျောင်းအုပ်ကြီးအား ကျေးဇူးကြွေး ရှိသည်။ ငယ်ငယ်ကတည်းက ဂုန်ချန်းလီက သူ့ဖခင်နောက်သို့ လိုက်လာခဲ့သူ ဖြစ်သည်။ နှစ်များစွာ ကြာခဲ့သည့် တိုင်အောင် သူက သစ္စာရှိသူ ဖြစ်ခဲ့သည်။ သွက်လက်ချက်ချာသော ဉာဏ်ရှိသည့် ဖန်ဇိုသည်ပင် ဂုန်ချန်းလီအား တရားခံဟူ၍ သံသယ လုံးဝ မဝင်ခဲ့ပေ။

သူတို့ အာ့ဂျန်နှင့် နောက်တစ်ကြိမ် မတွေ့ခဲ့ရလျှင်, အာ့ဂျန်က ဂုန်ချန်းလီ၏ မျက်နှာအမူအရာကို မတွေ့ခဲ့ရလျှင်, ဖန်ဇိုက သူ့အား ဆက်လက်၍ လေးစားချစ်ခင်ဖွယ်ကောင်းသော ဦးလေးအနေဖြင့် ကြည့်ရှုမိအုံးမည် ဖြစ်သည်။

သို့သော် အခု.....

ဖန်ဇို၏ နှုတ်ခမ်းများ အပြုံးကြောင့် ကွေးညွတ်သွားလေ၏။ ထိုနူးညံ့သိမ်မွေ့သော အပြုံးက လရောင်လို ပျော့ပြောင်းသည်။ ၎င်းအပြုံးကြောင့် လူများအား သဘောမကျဘဲ မနေစေနိုင်လောက်ပင်။

ဒါဆို ဦးလေး ဂုန်ချန်းက ဘာကိုများ မြင်ခဲ့ပါသလဲ။

ဂုန်ချန်းလီက ဖန်ဇိုကို ကြည့်လိုက်လျှင် သူ့ခန္ဓာကိုယ်က လုံးဝ တောင့်တင်းသွားရသည်။ ထိုကိစ္စက ပြီးဆုံးသွားပြီး သူနှင့် လားလားမျှ မသက်ဆိုင်တော့ဟူ၍ သူ တွေးထင်ထားခဲ့သည်။ နင်ရူက သူ့အား ရှေ့တန်းသို့ တွန်းပို့၍ မလှုပ်သာ မလှဲ့သာ အခြေအနေသို့ ရောက်ရှိစေမည်ဟူ၍ သူ မမျှော်လင့်ထားပေ။ သူက ၎င်းအကြောင်းကို ထပ်မံ ပြောဆိုတာက လွဲ၍ ရွေးချယ်စရာ သူ့မှာ မရှိတော့ပေ။

အဲနေ့တုန်းက, ငါ တံခါးအပြင်ဘက်မှာ စောင့်ကြပ်နေခဲ့တုန်း, ကျောင်းအုပ်ကြီးနဲ့ သခင်အကြီးလေးတို့ စကားများနေတာကို ငါ ကြားခဲ့တယ်၊ အစပိုင်းမှာတော့ သူတို့ နှစ်ယောက်ကြားမှာ အမြင်မတူတာ ရှိနေတာ ဖြစ်မယ်လို့ တွေးထင်မိခဲ့တယ်၊ ဒါ့ကြောင့် အာရုံ သိပ်မစိုက်မိခဲ့ဘူး၊ သွေးနံ့ထွက်လာတော့မှ တစ်ခုခု မှားနေပြီလို့ ငါ အတွေးပေါ်လာခဲ့တယ်၊ အဲအချိန်မှာပဲ ငါ ရုံးခန်းထဲ ပြေးဝင်သွားခဲ့တော့, ကျောင်းအုပ်ကြီး အသက်ရှူရပ်သွားပြီး အကြီးသခင်လေးက သွေးစွန်းဓားကို ကိုင်ထားရင်း ရုံးခန်းထဲမှာ ရပ်နေတာကို ငါ တွေ့ခဲ့တယ်.....

ပါရမီရှင်သမားတော်(၂)Where stories live. Discover now