၇၈၇။ တိုက်ပွဲ စတင်ခြင်း (၂)

192 31 0
                                    

၇၈၇။ တိုက်ပွဲ စတင်ခြင်း (၂)

သို့သော်လည်း ကံမကောင်းသော ဖြစ်ရပ်များလည်း ရှိကြသည်သာ။ ထိပ်တန်းကျောင်းတော်သုံးခုမှ ကျောင်းသားများနှင့် သူတို့ ရင်ဆိုင်တွေ့ကြရလျှင် လူငယ်များ အားလုံး သူတို့၏ တိုက်ပွဲကို လက်လွှတ်ကြဖို့ ရွေးချယ်ကြလိမ့်မည်။ သို့မဟုတ် လုံးဝ မယှဉ်ပြိုင်ဘဲ နေကြရလိမ့်မည်။

ဒီလို အနေအထားမျိုး ဖြစ်လာခဲ့တာက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။ သို့သော် ဒီနှစ်မှာ အနည်းငယ် ပြောင်းလဲသွားလေ၏။

နဂါးသတ်ကျောင်းတော်နှင့် စစ်တံခွန်ကျောင်းတော်များကို နဂိုအတိုင်း လွှမ်းမိုးနိုင်စွမ်း ရှိ၏ဟု သတ်မှတ်ထားကြပြီး လေညင်းကျောင်းတော်ကိုတော့ ယမန်နေ့က သတင်းအတိုင်း ထင်မြင်ယူဆထားကြသည်။

ကျောင်းသားများစွာ၏ အကြည့်များက မသိမသာပင် လေညင်းကျောင်းတော်ဝတ်စုံ ဝတ်ဆင်ထားသော တစ်ဦးတည်းသော သူသို့ ကျရောက်သွားကြသည်။ ထောင့်စွန်းလေးမှာ ရပ်နေသော သေးသေးသွယ်သွယ် လူငယ်လေးသို့ ဖြစ်သည်။ လေညင်းကျောင်းတော်က ဒီနှစ်မှာ တိုက်ပွဲဝင် ဦးရေးက ထက်ဝက်နီးပါး ကျဆင်းသွားရုံတင် မကဘဲ, ပိန်ညှက်ညှက်လေးကိုပင် ပြိုင်ပွဲဝင်ရန် အတင်းစေလွှတ်ခဲ့ပုံရသည်။ ဒါက ပထမကွင်းပြင်ရှိ ပြိုင်ပွဲဝင်များအား အလွန်အမင်း တကယ်ပင် စိတ်လှုပ်ရှားစေသည်။

မည်သူက ဘယ်သို့ပင် ဆိုနေနေ, ပိန်သေးသေး ကောင်လေးနှင့် ယှဉ်ပြိုင်လျှင် သူတို့ ရှုံးနိမ့်လိမ့်မည် မဟုတ်ကြောင်း ယူဆထားကြသည်။ သူက ဆယ့်လေးနှစ် ဆယ့်ငါးနှစ်သာ ရှိသေးတာကို သူတို့ သိကြသည်။ ၎င်းအသက်အရွယ်အရ လက်စွပ်ဝိညာဉ်နိုးထခါစသာ ရှိသေးကြောင်း သူတို့ မှတ်ယူထားကြသည်။ ဒီအသက်အရွယ်မှာ ကြိုးစားပါမှ အနီရောင်ဝိညာဉ်စွမ်းအား၏ အထွတ်အထိပ်မျှသာ ရှိလိမ့်မည်။ အသက်အရွယ် ငယ်သည့်အပြင်, ခန္ဓာကိုယ်ကလည်း ပိန်သွယ်သွယ်ဖြင့် ချည့်နဲ့နေသည့်ပုံ ပေါ်သည်။ သူက တစ်ချက်လေးပင် တိုက်ခိုက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သူတို့သာ ထိုကောင်လေးနှင့် ယှဉ်ပြိုင်ရလျှင် အနိုင်ရရှိမည် ဖြစ်ပြီး နောက်ထပ် ခြေတစ်လှမ်း တက်ဖို့ အခွင့်အရေး ရလိမ့်မည်ဟူ၍ သူတို့ တွေးထားကြသည်။

ပါရမီရှင်သမားတော်(၂)Där berättelser lever. Upptäck nu