၈၁၀။ တိုက်ဆိုင်မှု (၃)

218 33 0
                                    

၈၁၀။ တိုက်ဆိုင်မှု (၃)

လေ့ချန်က အိပ်မွေ့ချဆေး၏ လွှမ်းမိုးမှုကို ခံနေရသဖြင့် ဂျန်ဝုရှီ မေးသမျှ သူ သိထားသည့် အချက်အလက်များကို အကုန်လုံး ပြောပြလေ၏။ သူ တတ်နိုင်သမျှ အရာရာတိုင်းကို ဖော်ထုတ်ပြသည်။ လေ့ချန်၏ စကားများအရ, မူရင်းမြေပုံကို ရန်တိုင်းပြည်၏ ဘုရင်ကြီး ပိုင်ဆိုင်ထားတာ ပိုမို၍ ဖြစ်နိုင်ဖွယ် ရှိနေသည်။

ကိစ္စရပ်တွေက လုပ်ဆောင်ဖို့ ပို ခက်သွားပြီ၊ မြေပုံက ဘုရင်ကြီးလက်ထဲမှာ ဆိုရင်, ငါတို့ သူနဲ့ ချိတ်ဆက်ချင်ရင်တောင် ပိုလို့ ခက်လိမ့်မယ်။ ဖန်ဇိုက ဂျန်ဝုရှီကို ကြည့်လျက် ပြောသည်။ အခုလို ကိစ္စရပ်တွေ ဖြစ်လာပြီဆိုတော့ လောလောဆယ် ငါတို့ လေ့ချန်နဲ့ ခပ်ကင်းကင်း နေလို့ မရတော့ပြန်ဘူး။

ဂျန်ဝုရှီ ခေါင်းညိတ်လိုက်သည် လေ့ချန်ကနေ တဆင့်တက်ပြီးတော့မှ ငါတို့ ဘုရင်ကြီးနဲ့ တွေ့ဖို့ အခွင့်အရေး ရလိမ့်မယ်။

ရန်တိုင်းပြည် ဘုရင်ကြီးက နောက်ပိုင်း နှစ်များမှာ ကျန်းမာရေး မကောင်းမွန်ပေ။ သူက နန်းတော်ထဲမှ ထွက်ခဲလှသည်။ လေ့ချန်နှင့် ချိတ်ဆက်ထားခြင်း မရှိလျှင်, သူတို့ အနေဖြင့် နန်းတော်ထဲ ကျူးကျော်ဝင်ရောက်ဖို့သာ ရှိတော့သည်။ သို့သော် သူတို့ နန်းတော်အတွင်းထဲမှ အနေအထားကို ရှင်းရှင်းလင်းလင်း မသိကြပေ။ ရုတ်တရက် ဖြစ်သလို တိုးဝင်သွားလျှင် ဘုရင်ကြီး အနားမှာ ရှိနေကြသော ကျွမ်းကျင်ပညာရှင်များ၏ ခြုံခို တိုက်ခိုက်ခြင်းကို သူတို့ ခံကြရလိမ့်မည်။

၎င်းကိစ္စကို ဖြစ်မြောက်အောင်နိုင်သည်ဟူသော ယုံကြည်ချက် မရှိဘဲနှင့် ဂျန်ဝုရှီက ထိုခြေလှမ်းကို လှမ်းဖို့ ဘယ်တော့မှ ရွေးချယ်လိမ့်မည် မဟုတ်ပေ။

ငါတို့ လေ့ချန်ကို ဆက်လက် အသုံးချဖို့ ရွေးချယ်နိုင်သေးတယ်၊ ဒါပေမဲ့ လေ့ချန်က လတ်တလော တစ်စုံတစ်ယောက်ရဲ့ ပစ်မှတ် ဖြစ်နေတယ်၊ ငါတို့ သူနဲ့ ဆက်လက် ချိတ်ဆက်နေရင်, လေညင်းကျောင်းတော်ရဲ့ ဂုဏ်သတင်းလည်း... ဟွာယောင်းက အဓိပ္ပါယ်ပါပါဖြင့် ဖန်ဇိုကို ကြည့်လျက် စကားတန်းလန်း ရပ်ထားလိုက်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now