၂၃၉။ "အားလုံး နင့်အတွက် - ၁"

1K 83 0
                                    

၂၃၉။ “အားလုံး နင့်အတွက် - ၁”

ဂျန်ဝုရှီက အော်ဟစ်ငိုယိုနေသည့် ချင်ယုယန်ကို လျစ်လျူရှူထား၍ ပုလင်းအနည်းငယ်ကို ရွေးယူထား၍ ကျန်ပုလင်းများကို ကြမ်းပြင်ပေါ်တွင် လွှင့်ပစ်လိုက်သည်။

လူများစွာက တိုက်ခိုက်လုယက်၍ ယူကြရသည့် သက်စောင့်ဆေးများက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားကြသည်။ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ပွင့်နေသည့် ပုလင်းများမှ ဆေးရနံ့များက လွင့်ထွက်လာကြသည်။

ဂျန်ဝုရှီ လွှင့်ပစ်သည့် ပုလင်းများကို ကြည့်ရင်း ချင်ယုယန်က တုန်လှုပ်သွားကာ မျက်လုံးပြူးကျယ်သွားသည်။ ပါဝင်ပစ္စည်းများကို သူမက ကောင်းကောင်း သိထားသည် မဟုတ်လော။

ဂျန်ဝုရှီက သက်စောင့်ဆေးများနှင့် ကုသဆေးများကို လွှင့်ပစ်သည်။ အဆိပ်ဖြေဆေးများပါ အပါအဝင် ဖြစ်သည်။ သူမ လက်ထဲမှာ ကိုင်ထားတာက အကုန်လုံး အဆိပ်များသာ ဖြစ်သည်။

“သူ့ပါးစပ်ကို ဆွဲဖွင့်လိုက်” ဂျန်ဝုရှီက အမူးသမားကြာပန်းကို ပြောသည်။

ချင်ယုယန်က ရှိသမျှ အင်အားဖြင့် အတင်း ရုန်းကန်သည်။ သို့သော် သူမ၏ အားက အမူးသမားကြာပန်းကို မယှဉ်နိုင်ပေ။

အမူးသမားကြာပန်းက ချင်ယုယန်၏ ပါးစပ်ကို အလွယ်တကူ ကိုင်ထားသည်။ သူမက ကူကယ်ရာမဲ့သွားပြီး မျက်လုံးပြူးပြီး မျက်ရည်များ တသွင်သွင် စီးကျ၍ အမူးသမားကြာပန်း ဆွဲဖြဲထားသည့် သူမပါးစပ်မှ တောင်းပန်ခယသံများ ထွက်ပေါ်လာသည်။

“ကြောက်နေသလား” ဂျန်ဝုရှီက ချင်ယုယန်ကို ကြည့်၍ အေးစက်စက် မေးသည်။

ချင်ယုယန်က မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်ပြီး ထပ်တလဲလဲ ပြန်ဖြေသည်။ ကြောက်နေရုံသာ မက သူမက အူလှိုက်သည်းလှိုက် ထိတ်လန့်နေသည်။

ချင်ယုယန်က ဂျန်ဝုရှီလို ရူးသွပ်သူကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူမလုပ်ဆောင်တာမှန်သမျှက အကြောင်းပြချက်ကို ကျော်လွန်လို့နေသည်။ သူမကို အင်အားကောင်းသည့် ချင်းယန်ကလန်၏ မမကြီးမှန်း သိနေတာတောင်, ဂျန်ဝုရှီက သည်လိုမျိုး ရက်စက်ရဲသည်မဟုတ်လော။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now