၃၆၆။ "အရှေ့ဖက်ဝင်း စည်ပင်လာခြင်း - ၁"

524 39 0
                                    

၃၆၆။ အရှေ့ဖက်ဝင်း စည်ပင်လာခြင်း - ၁

ဟီချွဲ့ရှန်၏ ဒေါသက သူ့မျက်နှာတွင် သိသာမြင်သာနေပြီး ယန်ဘူဂွေ့နှင့် သူ့တပည့်များကို ကြည့်နေသည့် သူ့မျက်လုံးများက ဒေါသမီးလျှံများ တောက်လောင်နေသည်။

ယန်ဘူဂွေ့,,, မင်းက ကျောင်းတော်မှာ ကြွေးတင်နေတုန်း၊ သူတို့ အခ,တွေလေ၊ ဒါတောင် မင်းတပည့်တွေ အကြမ်းဖက်တာကို အရသာတွေ့နေရသလား၊ ပြီးတော့ မင်းက အခုထိ ဒီမှာ ထိုင်ပြီး အေးအေးဆေးဆေး ဝိုင်သောက်နိုင်သေးတာလား။

ရက်ရက်စက်စက် ဒေါသတကြီး အပြောခံနေရသော ယန်ဘူဂွေ့က ဝိုင်ကရားကို လက်ဖြင့် ကိုင်ရင်း ချည့်နဲ့စွာ ပြုံးပြသည်။ ဝိုင်လား..... ဝိုင်ဝယ်ဖို့ သူ့မှာ ဘယ်က ပိုက်ဆံ ရမည်နည်း..... ဒီဝိုင်ကရားက ရေတွေချည်းပဲ.... ဝိုက်ကရားထဲမှာ စိမ့်ဝင်ပျံ့နှံ့နေတဲ့ ဝိုင်အနံ့ သင်းသင်းလေးကို ရှူနေရတာ.....

သို့သော် ယန်ဘူဂွေ့က သူ့ကိုယ်သူ မည်သည့် ဆင်ခြေဆင်လက်ကိုမျှ မပေးပေ။

ဒါ ချွဲ့ရှန်မို့လား၊ ငါ သိပြီ၊ မင်း ငါတို့ အရှေ့ဖက်ဝင်းကို ကနေ့ ဘာအကြောင်းကြောင့်များ ရောက်လာရတာလဲ၊ မင်း ဒီလာပြီး ထိုင်ချင်လို့လား ယန်ဘူဂွေ့က ပြုံးလျက် ပြောသည်။

ယန်ဘူဂွေ့၏ ပုံစံက ခခယယ လုပ်လွန်းအားကြီးနေသည်။ သို့သော် ကျောက်ချူတို့က အကြောင်းပြချက်အစစ်အမှန်ကို ကောင်းကောင်း သိသည်။ သူ့ဂုဏ်သိက္ခာကို စွန့်ပစ်ထားရတာ အလွန် ခါးသီးသော ခံစားချက်ဖြစ်သည်။

သူတို့ တပည့်လေးယောက်အတွက်သာ မဟုတ်လျှင်, ယန်ဘူဂွေ့၏ သန်မာသော ဝိညာဉ်စွမ်းအားဖြင့်ဆိုလျှင်, အောက်ဘုံတွင် သူ နှစ်သက်သည့် မည်သည့် နေရာမှာမဆို သက်သောင့်သက်သာ သူ နေနိုင်သည်။

မင်းက တကယ်ပဲ လွယ်ကူသက်သာနေတာလား၊ ယန်ဘူဂွေ့... မင်းကို ပြောလိုက်မယ်.... ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေနပ်လောက်တဲ့ ဖြေရှင်းချက်ကို မင်း မပေးရင်, ကျောင်းအုပ်ကြီးက မင်းကို လွှတ်ပေးမယ်ဆိုရင်တောင်, မင်းနဲ့ ငါ ကျေ‌အေးနိုင်မှာ မဟုတ်ဘူး၊ မင်းရဲ့ ဒီလို အစုတ်ပလုပ် နေရာမျိုးကို ငါက လှမ်းဝင်ချင်တယ်လို့ မင်း ထင်နေသလား၊ မင်းဆီကို လာဖို့ ကျောင်းအုပ်ကြီးသာ ငါ့ကို ဆင့်မခေါ်ရင်, ဒီနေရာကို လာပြီး ငါ့ဖိနပ်တွေ ညစ်ပတ်တာကို ခံနေမှာ မဟုတ်ဘူး။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now