၇၈၄။ ညစာစားပွဲ (၁၁)

184 29 0
                                    

၇၈၄။ ညစာစားပွဲ (၁၁)

လေ့ချန် အတော်‌လေး ခေါင်းရှုပ်သွားသည်။ ကိစ္စရပ်များ မည်သို့ ဖြစ်သွားမှန်း သူ တိတိကျကျ မသိပေ။ သူ တွေးထားသည်နှင့် ကွဲပြားခြားနားစွာ ဖြစ်သွားဟန် ရသည်။

လေ့ယွမ်က သူ့ထိုင်ခုံသို့ တိတ်ဆိတ်စွာ ပြန်လာသည်။ ဒီတစ်ကြိမ်မှာတော့, ဂျန်ဝုရှီအား သူကြည့်သည့် အကြည့်က အထင်သေးခြင်း နှိမ့်ချခြင်း တစိုးတစိမျှ မရှိတော့ပေ။

ညစာစားပွဲက ဆက်လက် ကျင်းပနေသည်။ အကမယ်များက ကပြအသုံးတော်ခံနေပြီး လက်ခုပ်ဩဘာသံများ ဆူညံပွက်လောက်ရိုက်နေ၏။ အကမယ်များက သေးသွယ်သော ခါးများကို လှည့်ပတ်၍ တင်ပါးများကို တုန်ခါစေ၍ မျက်နှာများမှာ နူးညံ့ချိုမြိန်သော အပြုံးများကို ပန်ဆင်လျက် ကပြ အသုံးတော်ခံနေကြသည်။ အကမယ်များ၏ ကပြခြင်းက အရွယ်ရောက်ခါစ လူငယ်များအား ယစ်မူးသွားစေသည်။ သူတို့အား ဧည့်ခံထားသော အစားအသောက်များက သူတို့ကို ညှို့ယူဖမ်းစားသွားကြသည်။ ရက်ရက်ရောရော ဖောဖောသီသီ သုံးစွဲထားသော ဧည့်ခံပွဲက သူတို့အား ယစ်မူးသွားစေသည်။ လူငယ်များက ဒီလို ကြီးကျယ်ခမ်းနားခြင်းကို သဘောကျနှစ်သက်ကြသည်။ အိမ်ရှေ့စံက ဒီတစ်ကြိမ် သူ ကျင်းပသော ဧည့်ခံပွဲဖြင့် ကျောင်းသားများ၏ စိတ်နှလုံးကို လှုံ့ဆော်၍ ဖြားယောင်းလိုသည်။ သူတို့အား ကနေ့ညမှာ လောဘများဖြင့် အပြည့်သိပ်ပေးလိုက်သည်။

အိမ်ရှေ့စံက သူ၏ ဥစ္စာဓနပေါကြွယ်ဝခြင်းအနည်းငယ်ကို ခံစားစေပြီး သူတို့၏ လက်ရှိ ဘဝကို နှိုင်းယှဉ်စေပြီး သူတို့အား ပိုမို၍ တပ်မက်ခြင်း, လိုအင်ဆန္ဒကို တိုးပွားစေသည်။

ကျောက်ချူတို့ အုပ်စုက ဝိုင်ကို အရမ်းကြီး စိတ်မဝင်စားကြချေ။ ဧည့်ခံပေးထားသော တိုစိတိုနှံ့ စားကောင်းသောက်ဖွယ်များလည်း သူတို့၏ စားချင်စိတ်ကို များများစားစား လှုံ့ဆော်မပေးနိုင်ကြချေ။ ၎င်းအစားအစာများက ယဲ့မေ၏ စားဖိုမှူးအစွမ်းကို နည်းနည်းလေးမျှပင် မမီပေ။

လေ့ချန်က တစ်ချိန်လုံး ပြုံးနေသည်။ လိုချင်တမ်းတခြင်း, အားကျခြင်းများ ဖြစ်နေသော လူငယ်များကို ကြည့်၍ သူ အားရကျေနပ်နေသည်။ ဒါက သူလိုချင်သော ရလဒ် ဖြစ်သည်။ ၎င်းလူငယ်များကို သူ သိမ်းသွင်းနိုင်သည် ဖြစစေ, မသိမ်းသွင်းနိုင်သည် ဖြစ်စေ, အိမ်ရှေ့စံက လိုသလို အသုံးချနိုင်တာကို လူငယ်တိုင်းအား ပြသချင်သည်။ ဒီအသက်အရွယ် လူငယ်များက စည်းစိမ်ဖြင့် ဖျားယောင်းခြင်းကို မလွန်ဆန်နိုင်မှန်း လေ့ချန် သိသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now