၆၅၀။ ငါ့လူနာကို မရှုပ်နဲ့ (၂)

328 34 0
                                    

၆၅၀။ ငါ့လူနာကို မရှုပ်နဲ့ (၂)

အနက်ရောင်သားရဲကြီးက နာကျင်နေသည်။ သို့သော် နားကွဲလုမတတ် ဟိန်းသံကို ကြားရလျှင် သူ့မျက်လုံးများ လင်းလက်သွားသည်။ သူက ခေါင်းမော့၍ ဟိန်းသံ လာရာကို ကြည့်လိုက်သည်။

လူဆယ်ယောက်က အခုထိ ဘေးတစ်ဖက်တွင် တုန်လှုပ်ချောက်ချားမှု မပြေကြသေးချေ။ ထိုအချိန်မှာပင် လရောင်အောက်တွင် သူတို့ဆီ တည့်တည့် အဆင်အခြင်ကင်းမဲ့စွာ တိုးဝင်လာသည့် အရိပ်မည်းကြီးကို သူတို့ တွေ့လိုက်ကြသည်။ ၎င်းအရိပ်ကြီးက သစ်ပင်များကို ဖြိုလှဲလျက် တိုးဝင်လာသည်။ သစ်ပင်ကြီးများကား သွားကြားထိုးတံပမာ ဖြစ်ကုန်သည်။

သူတို့ခြေထောက်အောက်ရှိ မြေပြင်ကား တုန်ခါလျှက် ရှိသည်။

ကြမ်းတမ်းသော သားရဲဝိညာဉ်များ အမြီးကုပ်သွားကြလေပြီ။ သူတို့ နားရွက်များ တစွင့်စွင့် ဖြစ်ကုန်သည်။ သူတို့ အလျင်အမြန် နောက်သို့ ဆုတ်ကြလေကုန်၏။

လရောင်အောက်တွင် အနက်ရောင်ပုံရိပ်ကြီး၏ အစစ်အမှန် ခန္ဓာကိုယ်က နောက်ဆုံးတွင် သူတို့မျက်လုံးများရှေ့မှာ ပေါ်ထွက်လာလေ၏။

ထုထည်ကြီးမားလွန်းသော လိပ်ပြာသားရဲကြီးက သူတို့ကို အုပ်မိုးလျက် ထွက်ပေါ်လာသည်။ ကြီးမားလွန်းသည်ဟု အသိအမှတ်ပြုထားသော ဝိညာဉ်သားရဲများကား ၎င်းလိပ်ပြာသားရဲကြီး၏ ရှေ့တွင် အင်းဆက်ပိုးမွှားသာသာ ဖြစ်သွားကြသည်။

လောကကြီးထဲမှာ... ဒါ... ဒါက... ဘာကြီးလဲ.... ခေါင်းဆောင်လုပ်သူက မယုံကြည်နိုင်လောက်အောင် ကြီးမားလွန်းသော လိပ်ပြာသားရဲကြီးကို ကြည့်လျက် မျက်လုံးများ ပြူးကျယ်သွားပြီး လျှာစေးထည့်ထားသလို အ,သွားရသည်။ လိပ်ပြာသားရဲကြီး၏ ဖြူစွတ်နေသော အရောင်က လရောင်အောက်တွင် တောက်ပရွှန်းလဲ့နေသည်။ လိပ်ပြာသားရဲကြီး၏ ဖြူလွလွ အမြီးကိုးချောင်းက နောက်ဘက်တွင် ညှို့ငင်စွာ ယမ်းခါနေသည်။ သို့သော် ၎င်းမြင်ကွင်းက ကြောက်မက်ဖွယ်ရာ မြင်ကွင်းသာ ဖြစ်သည်။ မယုံနိုင်စရာ မွန်းစတားကြီးက အသူတရာနက်သော ချောက်ထဲမှ ထိုးထွက်လာသည့်ဟန်ပင် ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Où les histoires vivent. Découvrez maintenant