၆၆၁။ ချောက်နက် အောက်ခြေသို့ (၂)

280 32 0
                                    

၆၆၁။ ချောက်နက် အောက်ခြေသို့ (၂)

ကျနော်တို့ အောက်တည့်တည့်မှာ ရှိပါတယ်, သခင်မလေး ယဲ့ရှနှင့် ယဲ့မေ့ နှစ်ယောက်လုံး အတူတူ ဖြေလိုက်ကြသည်။

အဲအောက်က အခြေအနေ ဘယ်လိုတဲ့လဲ ဂျန်ဝုရှီ မေးသည်။ သူမ၏ ဝိညာဉ်စွမ်းအား အကူအညီဖြင့် အသံကျယ်ကျယ် မပြောသော်လည်း သူမအသံကို ဖြတ်သန်း၍ ပို့ဆောင်နိုင်သည်သာ။

မြင်ကွင်းက အရမ်း နိမ့်ကျနေတယ်၊ အပူချိန်က ပိုလို့တောင် နိမ့်ကျနေတယ်၊ ကျနော်တို့ သခင်မလေးနဲ့ အပေါင်းအသင်းတွေကို ကျနော်တို့ အကြံပြုချင်ပါတယ်၊ အကြာကြီး အနားမယူမိဖို့ပါ၊ ဒီက မြူထုက အတော် ထူးဆန်းတယ်၊ မြူထုက ဝိညာဉ်စွမ်းအားတွေ ကျဆင်းတာကို အရှိန်မြှင့်ပေးတယ်၊ ကျနော်တို့ မြူထုထဲမှာ ကြာရှည်နေမိရင်, ဝိညာဉ်စွမ်းအားတွေ ပိုပိုပြီး ကုန်ဆုံးသွားပါလိမ့်မယ် ယဲ့ရှ၏ လေသံက မြူထုကို ထိုးဖောက်၍ တက်လာသည်။

သူက ဂျန်ဝုရှီ၏ အောက်ဘက် ဆယ်မီတာလောက်မှာ ရှိသည်။ သူတို့ အစောပိုင်း ဖြတ်ကျော်ခဲ့သော မြူထုနှင့် လက်ရှိ သူတို့ ရောက်ရှိနေသော မြူထုက လုံးဝ ကွဲပြားခြားနားသည်။ လက်ရှိ မြူထုထဲတွင် ဝိညာဉ်စွမ်းအားကို ချောက်သွေ့စေသော တစ်စုံတရာ ပါဝင်နေသည်။

ယဲ့ရှ၏ စကားက သူတို့ နှလုံးသားများကို ထိတ်လန့်သွားစေသည်။ ဒီ့မတိုင်ခင် သူတို့ကိုယ် သူတို့ စိတ်ဓာတ်အားဖြင့် ကြိုတင် ပြင်ဆင်ခဲ့သော်လည်း မိုးကောင်းကင်အဆုံး ချောက်နက်က အန္တရာယ်များ တင်းကြမ်းပြည့်နေမှန်း သူတို့ သိထားကြသည်။ သို့သော် မြူထုကိုယ်တိုင်က ဒီလောက် အန္တရာယ်များမယ်မှန်း သူတို့ မျှော်လင့်မထားခဲ့ကြချေ။

ချက်ချင်းပဲ, မုကွိုင်ဖန်နဲ့ သူ့လူတွေကို အရမ်း အားကျသွားမိတယ်၊ သူတို့ ဘယ်လိုများ ဒါတွေကို ဖြတ်ကျော်နိုင်ခဲ့ပါလိမ့် ကျောက်ချူက ညည်းညူ ပြောဆိုသည်။ နေရာတိုင်းမှာ အန္တရာယ်များ ပြည့်နှက်နေသည့် နေရာကို အောက်ဘုံမှ လူများအနေဖြင့်, မုကွိုင်ဖန်နှင့် သူ့အဖွဲ့က အောက်ခြေအထိ ဆင်းနိုင်တာက တကယ်ပင် အံ့ဖွယ်ကောင်းလှသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now