၆၈၀။ မိုးကောင်းကင်အဆုံး ချောက်နက်မှ ပြန်ထွက်ခြင်း (၅)

322 32 0
                                    

၆၈၀။ မိုးကောင်းကင်အဆုံး ချောက်နက်မှ ပြန်ထွက်ခြင်း (၅)

သူတို့ သုံးနေကျ သူတို့၏ ဝိညာဉ်စွမ်းအားကို မြှင့်တင်သည့် နည်းလမ်းကို အလယ်ဘုံသားဖြစ်သော သူတို့ ကိုယ်တိုင်ပင် အပြည့်အဝ နားမလည်ကြချေ။ သူတို့က ၎င်းနည်းလမ်းကို တစ်ချိန်လုံး အသုံးပြုနိုင်ခဲ့ကြသည်။ သို့သော် ၎င်းစွမ်းရည်က သူတို့ မွေးဖွားပြီးသည်နှင့် တပြိုင်နက် ပါလာသော စွမ်းရည် ဖြစ်သည်။ ၎င်း ထူးခြားသော စွမ်းရည်ကို သင်ပြပေးဖို့ အနှစ်ချုပ်ကို ဆုပ်ကိုင်မိဖို့ ရှင်းလင်းပြရန် သင် သူတို့ကို တောင်းဆိုလျှင်, သည်ကိစ္စ သူတို့ လုပ်နိုင်စွမ်းကို လုံးဝ ကျော်လွန်သွားပြီ ဖြစ်သည်။

၎င်းစွမ်းရည် နောက်ကွယ်ရှိ သဘောသွားကို အလွန်လွယ်ကူစွာ နားလည်သွားလျှင်, အလယ်ဘုံနှင့် အောက်ဘုံရှိ လူများ၏ စွမ်းရည်များက ဒီလောက် ကြီးကြီးမားမား ကွာဟတော့မည် မဟုတ်ပေ။

ကျောက်ချူတို့လို လူငယ်များကို မဆိုထားနှင့် နန်းတော်ဆယ့်နှစ်ခုမှ လူများသည်ပင် ဒီစွမ်းရည်ကို အပြည့်အဝ နားမလည်ကြချေ။ တကယ်နားလည်သူများက ရှားပါးလွန်းစွာ အနည်းငယ်မျှသာ ရှိသည်။ ၎င်းစွမ်းရည်ကို အသုံးချပြီး အောက်ဘုံမှ လူများကို ဆွဲဆောင်ဖို့ နန်းတော်ဆယ့်နှစ်ခုမှ လူများသည်ပင် အတော် တွန့်ဆုတ်ကြသည်။ ၎င်းနည်းလမ်းကို မျှဝေပေးခြင်းက သူတို့၏ အသက်များကို စွန့်စားခြင်းပင် ဖြစ်သည် မဟုတ်လော။

ဒီကျောက်တုံးအိမ်ပိုင်ရှင်မှ လွဲ၍ ချင်းယန်ကလန်မှ ခဲချန်ဂျူပင် ဖြစ်စေ, လေညင်းကျောင်းတော်မှ နင်ရူပင် ဖြစ်စေ, သူတို့ ၎င်းစွမ်းရည်ကို နည်းနည်းလေးပင် မသင်ယူထားကြရချေ။ ၎င်းအနေအထားကပင် နန်းတော်ဆယ့်နှစ်ခုက ၎င်းနည်းပညာကို အောက်ဘုံသို့ လွှဲအပ်ဖို့ အောက်ဘုံမှာ ကျယ်ပြန့်စေဖို့ လုံးဝ မလိုလားဟူ၍ ဂျန်ဝုရှီအား ပြောပြနေသည်။

အောက်ဘုံမှ လူများ ၎င်းနည်းစနစ်၏ အခြေခံကို နားလည်စပြုလာပြီး သဘောသွားကို ဆုပ်ကိုင်လာနိုင်ကာ ၎င်းနည်းပညာ ပြန့်ပြောလာသည်နှင့် အောက်ဘုံ၏ စွမ်းအားများ တိုးတက်လာမှာ ဖြစ်ပြီး ဘုံနှစ်ခုကြားရှိ စွမ်းအား ကွာခြားချက်က ကျဉ်းမြောင်းသွားလိမ့်မည်။

ပါရမီရှင်သမားတော်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ