၅၃၉။ ချန်လင်းမြို့ - ၂

454 39 0
                                    

၅၃၉။ ချန်လင်းမြို့ - ၂

ခဏကြာရင် ငါတို့ ချန်လင်းမြို့ကို ရောက်တော့မယ်၊ ရှီ‌လေး အဲမှာ ဝယ်ခြမ်းစရာတွေ ရှိလား ဖန်ဇိုက ‌မေးသည်။ သူ့ပါးပြင်က အနည်းငယ် အရောင်တောက်နေသည်။ သူက ကြောင်နက်လေးကို မဝံ့မရဲ ချီထားသည်။ သူက အများကြီး မလှုပ်ရှားရဲဘဲ လက်ချောင်းထိပ်များဖြင့်သာ ကြောင်နက်လေးက အမွှေးပွပွကို ပွတ်သပ်နေ၏။

ငါ အရင်ဆုံး လှည့်ပတ်ကြည့်အုံးမယ်။ ဂျန်ဝုရှီက ပြန်ပြောသည်။ သူမက လော့မဲ့မဲ့၏ ကိုယ်လုံးပြည့် အမွှေးများကို ပွတ်သပ်နေသည်။ သူမ မျက်လုံးများက ကျေနပ်နေဟန်ဖြင့် ကျဉ်းမြောင်းနေလေ၏။

သူမ ဝယ်ခြမ်းစရာ များများစားစား မရှိပေ။ သို့သော် သူမ ရောင်းချစရာတော့ တစ်ပုံကြီး ရှိနေ၏။

တိုက်ပွဲတောအုပ်မှ သူတို့ စုဆောင်းထားသော ဝိညာဉ်ကျောက်တုံးများ အပြင်, ဆေးများကလည်း သူမမှာ တစ်ပြုံတစ်ခေါင်း ရှိသည်။ ၎င်းဆေးများကို ချင်းယန်ကလန်တွင် သူမ ရှိနေစဉ် လုပ်စရာမရှိသောကြောင့် ဖော်စပ်ထားခြင်း ဖြစ်သည်။ အတော်များများ စုပုံနေသည်။

လေလံအိမ်သို့ လာရောက်သည့် သည်ခရီးစဉ်မှာ, သင့်တော်သော ဆေးလုံး မီးပြင်းဖို, သို့မဟုတ် ဆေးဝါး ကျိုချက်စရာ ကိရိယာတန်ဆာပလာ ရှာဖွေနိုင်မလားလို့ သူမ ရည်ရွယ်ထားသည်။ ဆေးမီးပြင်းဖို, သို့မဟုတ် ဆေးစပ်ကိရိယာတန်ဆာပလာ ရှိပါမှ လေညင်းကျောင်းတော်တွင် အားနေစဉ် သူမ အလုပ်ရှိလာမှာ ဖြစ်သည်။ ယန်ဘူဂွေ့က သူမအား သိုလှောင်အိတ်ကို ပေးထားကတည်းက ဆေးဝါးများကို ထည့်သိုဖို့နှင့် သူမနှင့် အတူတူ ပစ္စည်းပစ္စယများကို သယ်ယူဖို့ စိုးရိမ်စရာ မလိုတော့ပေ။

ဖန်ဂျင်က မေတ္တာဖြင့် အနည်းငယ်သာ လုပ်ဆောင်ပေးခြင်း ဖြစ်နိုင်သော်လည်း, သူတို့အတွက် စီမံပေးခြင်းက စေ့စပ်သေချာသည်။ သူက ဖန်ဇိုနှင့် ဂျန်ရှီအတွက် မြင်းဆွဲရထားလုံးကိုသာ စီမံပေးရုံတင်မကဘဲ, ကျောက်ချူတို့အတွက် လိုအပ်သော အချက်အလက်များကိုလည်း စီမံပေးသည်။ သူတို့အတွက် နေရာလုံလောက်သော ရထားလုံးကို စီမံပေးသည့်အပြင် ချန်လင်းမြို့တွင် တည်းခိုခန်းကိုလည်း ကြိုတင်၍ မှာကြားပေးထားသည်။ ဂျန်ဝုရှီက သူတို့နှင့် ပေါင်းဆုံမိဖို့ နေရာ ရှာစရာ မလိုအပ်တော့ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now