၃၁၇။ "သိုးငယ်က သားရဲဖြစ်သွားခြင်း - ၁"

654 59 0
                                    

၃၁၇။ “သိုးငယ်က သားရဲဖြစ်သွားခြင်း - ၁”

တိမ်ဖုံးတောင်ထွတ်တွင်, ကျောက်ချူက ကြမ်းပြင်ပေါ် လဲနေသည့် တိမ်လှေခါးတောင်ထွတ် တပည့်ကို ကြည့်နေသည်။ ကျောက်ချူက သူ့ကို မရိုက်ချင်သော်လည်း ရိုက်လိုက်ရ၍ မေ့လဲနေခြင်း ဖြစ်သည်။

“မုချန်သာ ဒီလို ပုံစံမျိုး မြင်သွားရင်, ဒေါသထွက်ပြီး ငါတို့ကို သူ့လက်ထဲက ဓားနဲ့ ပြေးခုတ်လိမ့်မယ်လို့ ငါ ထင်တယ်, ပြီးတော့ ထိုင်ပြီး စကားပြောခန်းတောင် ရောက်မှာ မဟုတ်ဘူး” ကျောက်ချူက ဂျန်ဝုရှီ၏ တခြားလုပ်ရပ်တွေက အဆင်ပြေသော်လည်း, သည်လုပ်ရပ်က ရိုးရှင်းပြီး ကြမ်းကြုတ်သည့် ဓားပြမှု ဖြစ်နေသည်ဟု တွေးသည်။

တိမ်လှေခါးတောင်ထွတ်မှ တပည့်ကို ဖမ်းခေါ်လာပြီး ရိုက်နှက်ထားတာက ဘယ်လို စီမံကိန်းတဲ့လဲ။

သူတို့က မုချန်နှင့် အတူ တွဲ၍ အလုပ်လုပ်လိုသည်။ သူတို့ကို မုန်းအောင် လုပ်လိုခြင်း မဟုတ်ပေ။

“စိတ်ချသာ နေပါ, သူ့တပည့်က ငါတို့ လက်ထဲမှာ ရှိနေတာပဲ, သူ အလျင်စလို မလုပ်နိုင်ပါဘူး။” ဂျန်ဝုရှီက တဖက်တွင် ထိုင်နေ၍ လက်ဖက်ရည်ကို တည်ငြိမ်စွာ သောက်နေသည်။

‌ကျောက်ချူက ထိုခဏတွင် ငိုချင်စိတ်ပေါက်သွားသည်။ သူက ဖမ်းခေါ်လာသူ မဟုတ်လော။ ရှီလေးက လျင်မြန်ပြီး စေ့စပ်သေချာသည့် ဦးနှောက်ကို ပိုင်ဆိုင်ထားတာကို ပြသပြီး ဖြစ်သည်။ သူက အတွဲလိုက် ဒုက္ခပေးဖို့ လုပ်နေတာလား....

“သူက အလျင်စလိုလည်း မလုပ်နိုင်ဘူး၊ အရမ်းကာရောလည်း မလုပ်နိုင်ပါဘူး၊ ဒါပေမဲ့ သူက ဒါပြီးရင် ငါတို့နဲ့ကော ပူးပေါင်းပါ့မလား” သူတို့က အလုပ်အတူ တွဲလုပ်ဖို့ စကားတစ်ခွန်းမျှပင် မပြောဆိုခဲ့ကြဘဲ, မုချန်၏ တပည့်ကို ခိုးကြောင်ခိုးဝှက် အဓမ္မခေါ်ဆောင်လာခဲ့သည်။ ဒီတပည့်ကြောင့် မုချန်လာအောင် လုပ်နိုင်သော်လည်း လုပ်ဆောင်သည့် နည်းလမ်းက အတော်အတန် လူမဆန်ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now