၇၇၆။ ညစာစားပွဲ (၃)

200 28 0
                                    

၇၇၆။ ညစာစားပွဲ (၃)

ထိုစကားပြောသူက တခြားသူ မဟုတ်ပေ။ တကယ်တော့ လက်ရှိ ရန်တိုင်းပြည်၏ ဒုတိယမင်းသား လေ့ယွမ် ဖြစ်သည်။ ရန်တိုင်းပြည်ဘုရင်ကြီးမှာ သားလေးယောက် ရှိသည်။ အိမ်ရှေ့စံက ဘုရင်မကြီး၏ သားတော် ဖြစ်သည်။ ဒုတိယနှင့် တတိယသားများက မောင်းမတော်များမှ မွေးဖွားလာသူများ ဖြစ်ကြသည်။ သူတို့၏ အဆင့်အတန်းက အိမ်ရှေ့စံနှင့် မည်သို့မျှ နှိုင်းယှဉ်လို့ မရချေ။

ထို့ပြင် အိမ်ရှေ့စံက သားအကြီးဆုံး ဖြစ်ပြီး သားတော်များထဲမှာ အထူးချွန်ဆုံးလည်း ဖြစ်သည်။ ထို့ကြောင့် သူ့ရာထူးက တည်တံ့ခိုင်မြဲလေ၏။ သားတော်အငယ်ဆုံးက ဘုရင်မကြီးမှ မွေးဖွားသူ မဟုတ်သော်လည်း ဘုရင်မကြီး နတ်ရွာမစံခင် သူ့သားအရင်းလို သတ်မှတ်ခဲ့သည်။ သားတော်အငယ်ဆုံးကို ဘုရင်မကြီးက ငယ်ရွယ်စဉ်ကတည်းက မွေးမြူစောင့်ရှောက်ပေးခဲ့သည်။

ဒီနှစ် စားသောက်ပွဲကို အိမ်ရှေ့စံက တာဝန်ယူပေးရသည်။ တခြားမင်းသားများကိုလည်း ပါဝင်ဆင်နွှဲဖို့ ဖိတ်မံထားသည်။ ညစားစားပွဲ စတင်ခါနီးမှာမှ လေ့ယွမ် ရောက်ရှိလာခြင်း ဖြစ်သည်။ လေ့ယွမ်၏ လုံးဝန်းသော ခန္ဓာကိုယ်က အတော်လေး ကြီးမားသည်။ သူ့မျက်နှာက ဖောင်းကားနေသည်။ သူ့ရုပ်ရည်က တကယ်တော့ ဆွဲဆောင်နိုင်သည့် အနေအထားမှာ ရှိသည်။ သို့သော် အခု ပုံပျက်ပန်းပျက် ဖြစ်နေလေ၏။ သူက လှပကောင်းမွန်သော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ခံ့ညားသော အရှိန်အဝါ လုံးဝ မရှိဘဲ အောက်တန်းကျသော အသွင်အပြင်သာ သိသာထင်ရှားနေသည်။

လေ့ယွမ်က ၎င်းစကားကို တိုးတိုးသက်သာ ပြောလိုက်သည် မဟုတ်ပေ။ ထို့ကြောင့် သူတို့ ပတ်လည်မှာ ထိုင်နေသော လူငယ်များ ကြားသွားကြသည်။ ကြားရ၍ ထိုလူငယ်များ ရယ်မောကြလေ၏။ လက်ရှိ လေညင်းကျောင်းတော်က ဒီလိုမျိုး အရေးပေးတာကို ထိုက်တန်သော အဆင့်မှာ မရှိတော့ဟူ၍ ထိုလူငယ်များ မှတ်ယူထားကြသည်။ လေ့ချန်၏ အပြုအမူက သူတို့ကို အကြီးအကျယ် ခေါင်းရှုပ်စေသည်။ ထို့ကြောင့် လေ့ယွမ်၏ အထင်သေးသော စကားကို သူတို့ သဘောတူကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now