၇၉၃။ လေညင်းကျောင်းတော် နောက်တစ်ကြိမ် တိုးတက်လာခြင်း (၂)

199 30 0
                                    

၇၉၃။ လေညင်းကျောင်းတော် နောက်တစ်ကြိမ် တိုးတက်လာခြင်း (၂)

ဂျန်ဝုရှီ သူမအခန်းထဲမှ ထွက်လာချိန်မှာ ထာဝရအမိုးခုံး တည်းခိုဆောင်က လူအုပ်ကြီးဖြင့် ပြည့်သိပ်နေလေ၏။ ဟွာယောင်းတို့ကို လူအုပ်ကြီးက ဝိုင်းအုံနေကြပြီး သူတို့က လူအုပ်ကြီးအလယ်မှာ ညပ်နေကြသည်။ သူတို့ မျက်နှာများက စိတ်မရှည်ဟန် ဖြစ်နေကြသည်။

ဂုဏ်သရေရှိ အမျိုးသမီးနဲ့ လူကြီးမင်းများ ခင်ဗျာ... ငါက အနောက်ဘက် အပြာရောင်မြို့တော်ကပါ၊ မင်းတို့ တောင်းဆိုစရာ, သို့မဟုတ် လိုအပ်တာများ ရှိသလားလို့ ငါ မေးပါရစေ, မင်းတို့ တောင်းဆိုသမျှကို ငါ ဖြည့်ဆည်းပေးပါ့မယ်၊ အနောက်ဘက် အပြာရောင် မြို့တော်က အကောင်းဆုံး မိတ်ဆွေဆိုတာ သက်သေပြပါ့မယ် သန်မာတောင့်တင်းသော လူကြီးတစ်ယောက်က ပြောသည်။ သူက သူ့လက်မောင်းကို အကျယ်ကြီး ဖွင့်ထားသည်။ သူတို့ကို ကြိုဆိုဟန် အနေအထားကို ပြသထားခြင်း ဖြစ်သည်။

ငါက ပန်းစိမ်းနန်းတော်ကပါ၊ လူကြီးမင်းများ ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားကြမယ်ဆိုရင်...

ငါက...

.......

လူပင်လယ်ကြီးက ကြိတ်ကြိတ်တိုးနေသည်။ သူတို့ငါးယောက်၏ သွားလမ်းကား ပိတ်ဆို့ခံထားရသည်။ လူအတန်းကြီးက သူတို့အား ဆွဲဆောင်စည်းရုံးနေသည်။

ကျောင်းအုပ်ကြီးရာထူးကို ရယူထားခါစ ဖြစ်သော ဖန်ဂျင်ကိုလည်း လူများ ဝိုင်းအုံနေကြသည်။ အင်အားစု အသီးသီးမှ ဖိတ်မံချက်များက ပလူပျံနေသည်။ မုန်းတိုင်းကြားမှ မိုးရေမိုးပေါက်များနှင့်ပင် တူချေသည်။ အရင်က တိတ်ဆိတ်ငြိမ်သက်ခဲ့သော ထာဝရအမိုးခုံးတည်းခိုဆောင်က လိပ်ပြာတိုက်ပွဲ ပထမအကျော့ ပြီးခါစလေးမှာပင် ရုတ်တရက် ရန်တိုင်းပြည် ဘုရင့်နေပြည်တော်တွင် လူတကာ လာလည်ပတ်စရာ နေရာအဖြစ် ထင်ရှားကျော်ကြားသွားရသည်။ လာရောက်ကြသော လူများ၏ ခြေလှမ်းချက်များကြောင့် တံခါးရှေ့ရှိ လှေခါးများက ကျိုးကျမတတ် တလှုပ်လှုပ် ဖြစ်နေကြသည်။

စိတ်မဝင်စားဘူး၊ ခင်ဗျားတို့ ကျနော်တို့ကို ဖြတ်ကျော်ခွင့်များ ပေးနိုင်ကြမလား ကျောက်ချူ၏ မျက်နှာက မကျေမနပ်ခြင်းဖြင့် ပြည့်နှက်လာသည်။ သူတို့က တစ်နေ့လုံး ပထမအကျော့ ပြိုင်ပွဲကို ပြိုင်ရအောင် စောင့်ဆိုင်းခဲ့ရသည်။ ပြိုင်ပွဲကို ယှဉ်ပြိုင်ပြီးနောက် အနားယူရအောင် ထာဝရအမိုးခုံး တည်းခိုးဆောင်သို့ ပျော်ပျော်ပါးပါးဖြင့် ပြန်လာခဲ့ကြသည်။ သူတို့က အကြာကြီး နေခဲ့ကြရသဖြင့် တညည်းညည်းတညူညူ ဖြစ်နေကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now