၂၁၆။ "အဆင့်ချိုးဖျက်တက်ရောက်ခြင်း - ၄"

1K 76 0
                                    

၂၁၆။ “အဆင့်ချိုးဖျက်တက်ရောက်ခြင်း - ၄”

သည်ဝိညာဉ်စွမ်းအင်က မကျွမ်းဝင်သည့် ဝိညာဉ်စွမ်းအင် ဖြစ်နေသည်။ ကြမ်းတမ်းသည်, သောင်းကျန်းသည်, ဖျက်လိုဖျက်ဆီးနိုင်သည်။ သူမဝိညာဉ်ထဲ စတင် ဆွဲယူလိုက်သည့် အခိုက်, သူမ စိတ်က ဖရိုဖရဲ ဖြစ်လာပြီး သူမအကြောများ ကျိုးပျက်သွားမတတ် ခံစားလိုက်ရသည်။

ချွေးသီးချွေးပေါက်များ ကျဆင်းလာပြီး မကြာခင်မှာပင် သူမအဝတ်များက ချွေးများဖြင့် ရွှဲနစ်ကုန်သည်။

စိတ်ဝိညာဉ် နာကျင်မှုက လွန်ကဲလွန်းသည်။ ရုပ်ခန္ဓာကိုယ် နာကျင်တာထက် ဆိုးရွားလွန်းသည်။

ဂျန်ဝုရှီက နာကျင်မှုကို လုံးဝ မကြိုက်နှစ်သက်ပေ။ သို့သော် နာကျင်ခံစားရခြင်းအောက်မှာ သူမ ငုံ့ခံနေရပြီး သူမက ဖြူရော်ရော် ဖြစ်လာသည်။

ရုပ်ခန္ဓာကိုယ် နာကျင်ရခြင်းက လူတစ်ယောက်ကို တဒင်္ဂ မေ့မြောသွားစေနိုင်သည်။ သို့သော် စိတ်ဝိညာဉ် နာကျင်ခံစားရခြင်း မချိမဆန့်ဖြစ်နေပြီး သတိမေ့မြောသွားသည် မဟုတ်ပေ။ စိတ်ဝိညာဉ် နာကျင်ခြင်းအောက်တွင် သူ့အသိစိတ်က အမြင့်ဆုံးအခြေအနေမှာ ရှိနေတတ်သည်။ ထိုအခိုက်တွင်, ဂျန်ဝုရှီ၏ သိမြင်ခံစားခြင်းက အမြင့်ဆုံးမှာ ရှိနေပြီး အဆပေါင်းများစွာ ကျယ်ပြန့်သွားလာပြီး သူမကို တောင်ကြီးဖြင့် ဖိထားခံရသလို ခံစားနေရသည်။

သူ့လက်မောင်းကြားမှ ခန္ဓာကိုယ်လေးက အလွန်ပူလောင်လာပြီး သူမ မျက်နှာမှာ မည်သည့် အသွေးအရောင်မျှ ရှိမနေတော့ချေ။ ဂျန်ဝုယောင်းကို သူမကို ဂရုတစိုက် ပွေ့ဖက်ထားတာက လွဲလို့ မည်သည့် အရာကိုမျှ လုပ်ဆောင်မပေးချေ။

အခုအချိန်မှာ မည်သည့် အထိအတွေ့မဆို သူမအား ပိုမို၍ နာကျင်ခံခက်စေနိုင်တာကို သူ ကောင်းကောင်း သိသည်။

သူမ စိတ်ဝိညာဉ်က မညှာမတာ ရက်ရက်စက်စက် နှိပ်စက်ခံနေရသည်။ ဂျန်ဝုရှီက အံကြိတ်၍ တင်းခံသည်။ လူအများစုက သူတို့ တစ်ဘဝလုံး သည်လို နာကျင်ခံခက်တာကို တွေ့ကြုံခံစားခွင့်ပင် မရှိကြချေ။ သို့သော် သည်နာကျင်ခြင်းက သူမအတွက် အထူးအဆန်းတော့ မဟုတ်ပေ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now