၄၈၉။ "ကာကွယ်သူအဆင့် လိပ်ပြာသားရဲ-၃"

452 50 1
                                    

၄၈၉။ ကာကွယ်သူအဆင့် လိပ်ပြာသားရဲ-၃

တောအုပ်အတွင်း တစ်နေရာ... သစ်ပင်များ တဝုန်းဝုန်းဖြင့် မြေပြင်ပေါ် ကျိုးကျ ပျက်စီးကုန်၏။ ၎င်းအရှိန်ကြောင့် သစ်ရွက်များ ဖုန်မှုန့်များ တသောသောထကုန်သည်။ ‌ကျောက်စရစ်မိုးများ ရွာကုန်၏။

သွေးနံ့က လေထုတွင် ပြင်းထန်နေသည်။ ကြီးမားလွန်းသော ပုံသဏ္ဌာန်ကြီးက မိုးထိုးနေ၏။ အလွန်ကြီးမားသော သားရဲကြီးမှ နားကွဲမတတ် မာန်ဖီသံက ကမ္ဘာမြေကို မွှခြေလုလု ဖြစ်နေ၏။

၎င်းက ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီး ဖြစ်သည်။ ၎င်း၏ ခြေလက်လေးချောင်းရှိ လက်သည်းခြေသည်းများက မြိမြိထက်နေ၏။ အဖြူရောင် အမြီးကိုးချောင်းရှိပြီး ၎င်းအမြီးများကို ယမ်းလိုက်လျှင် သစ်ပင်များ ကျောက်ခဲများ မွစိလိုက်၍ ကျိုးကြေကုန်သည်။ တွန့်လိမ်နေသော ဦးချိုများရှိပြီး ဒေါသကြောင့် ၎င်းသားရဲကြီး၏ မျက်လုံးများက စွေးစွေးနီနေ၏။

၎င်းသားရဲကြီး၏ ခန္ဓာကိုယ်က ဖွေးဖွေးဆွတ် ဖြူနေပြီး အမွှေးများက ချောမွတ်ကာ အလင်းပြန်နေ၏။ ခပ်ဖျော့ဖျော့ အနီရောင် တောက်နေသော တက်တူများကို ၎င်းခန္ဓာကိုယ်တွင် မြင်နိုင်သည်။

ဒေါသထွက်နေသော ကာကွယ်သူအဆင့် လိပ်ပြာသားရဲကြီးက ၎င်းရှေ့ရှိ အရာရာကို ဖျက်ဆီးပစ်နိုင်သည်။

‌ကျောက်ခဲများ လွင့်စင်ကျနေသဖြင့် လောင်ချီက ဒဏ်ရာရ ရူလင်းစစ်သားတစ်ယောက်ကို ကာထားပေး၍ သစ်ပင်ငုတ်တွင် ထိုင်စေကာ ပုန်းနေရန် ပြောသည်။

စစ်သားတစ်ယောက်၏ လက်တစ်ဖက်က သားရဲကြီး၏ လေသင်တုန်းကြောင့် ပြတ်တောက်လုလု ဖြစ်သွားသည်။ ၎င်းလက်မှ အသားများ အကြောများ တွဲလောင်းကျနေ၏။ ၎င်းစစ်သားက သွေးများစွာ ဆုံးရှုံးလိုက်ရသဖြင့် မျက်နှာ ဖြူရော်နေပြီး ကိုယ်အပူချိန် လျင်မြန်စွာ ကျဆင်းသွားသည်။

ဗိုလ်ချုပ်... ကျနော်တို့ကို ထားခဲ့လိုက်... ခင်ဗျား... ခင်ဗျား... ရောင်းဟန်တို့နဲ့ ဒီကနေ ထွက်သွားလိုက်တော့... ဒဏ်ရာရ စစ်သားက ပြောသည်။ ကောင်းနေသေးသော လက်တစ်ဖက်ဖြင့် လောင်ချီ၏ ဝတ်ရုံစကို ဆွဲ၍ ပြောသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now